Sunday, July 20, 2025

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ်...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ...

ရနောင်း-ရန်ကုန် ပြေးဆွဲသည့် ကုန်သင်္ဘော ရန်ကုန်မြစ်ဝတွင်နစ်မြုပ်

ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွါလာသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှကုန်သင်္ဘောတစီး ရန်ကုန်မြစ်ဝတွင် နစ်မြူပ်ခဲ့သည်။ ယမန်နေ့ (ဇူလိုင် ၁၉)ရက် မနက်ပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ထိုကုန်သင်္ဘောသည် ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင်...

နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် ဝန်ထမ်း...

တပ်မတော်မှ ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဖြစ်သည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် အစိုးရဝန်ထမ်း တချို့ ပြန်ရောက်လာကြောင်း သိရသည်။ လက်ရှိတွင် ဝန်ထမ်း အဆောက်အဦးများကို...

ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့်လမ်းကြောင်းအတိုင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နှင့်လုပ်ကိုင်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

တိုင်းသူပြည်သားအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးအနေဖြင့် ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့်လမ်းကြောင်းအတိုင်း စည်းစည်းလုံးလုံးညီညီ ညွတ်ညွတ်နှင့်လုပ်ကိုင်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ၎င်းမှ ဇူလိုင် ၁၉...
HomeNewsLocal Newsအင်းတော်ကြီးဒေသတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံ...

အင်းတော်ကြီးဒေသတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံ ရှမ်းနီတိုင်းရင်းသားများ စစ်ရှောင်နေရဟုဆို

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ ချောင်းဝကျေးရွာအနီး ဇွန်(၂၂) ရက် ညနေပိုင်းက ဒေသတွင်းနှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံ ရှမ်းနီတိုင်းရင်းသားများ ဘေးလွတ်ရာသို့ စစ်ရှောင်နေရကြရကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံက သိရသည်။

တိုက်ပွဲကြောင့် အင်းတော်ကြီးဒေသအတွင်းရှိ အင်းတော်ကြီး၊ ချောင်းဝကျေးရွာ၊ မှန်ကင်းကျေးရွာ ၊ လောဆွန့်ကျေးရွာတို့ရှိ ဒေသခံ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

အလားတူ ညောင်ပင်ရွာ အနီးတွင်လည်း နှစ်ဘက်တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ညောင်ပင်ရွာ၊ ရွှေတောင်ရွာ၊ မပြင်ရွာနှင့် လွဲပေါရွာများရှိ ‌ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရပြီး အချို့ကျေးရွာများရှိ ဒေသခံများ ပိတ်မိနေသည်များရှိကြောင်း သိရသည်။

” တိုက်ပွဲကတော့ ဖြစ်လိုက်နားလိုက်ပဲ။ အချို့ရွာနဲ့ နီးတဲ့နေရာတွေမှာလည်း ဖြစ်နေတော့ ကြောက်ပြီး ထွက်မပြေးရဲဘဲ ရွာထဲမှာ ပိတ်နေရတဲ့သူတွေလည်းရှိနေတယ်”ဟု တိုက်ပွဲဖြစ်ပွားရာ ကျေးရွာနေသူတစ်ဦး၏ ပြောကြားချက်ကို ဒေသခံတစ်ဦးက တဆင့်ပြန်လည် ပြောပြခြင်းဖြစ်သည်။

လက်ရှိတွင် ဒေသခံစစ်ရှောင်မည်မျှအထိရှိသည်ကိုမူ ပြောပြရန်ခက်ခဲနေ အင်းတော်ကြီးဒေသခံအများစုမှာ နီးစပ်ရာ လယ်တောများ အင်းဦး၊ အင်းမြှီးနှင့် မိုးညှင်းမြို့ပေါ်ထိရှောင်တိမ်းလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီး ဖြစ်

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများဖြစ်သည့် Abate (ပိုးလောက်လမ်းသေဆေး)၊ Fogging Machine (ခြင်ဆေးမှုတ်စက်)၊ သွေးလွန်တုပ်ကွေး အမြန်သွေးစစ်ကိရိယာ (RDT)၊ ကလေး သွေးပေါင်ချိန်တိုင်းကိရိယာ (Pediatric BP Cuff) တို့ကို ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊...

ရနောင်း-ရန်ကုန် ပြေးဆွဲသည့် ကုန်သင်္ဘော ရန်ကုန်မြစ်ဝတွင်နစ်မြုပ်

ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွါလာသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှကုန်သင်္ဘောတစီး ရန်ကုန်မြစ်ဝတွင် နစ်မြူပ်ခဲ့သည်။ ယမန်နေ့ (ဇူလိုင် ၁၉)ရက် မနက်ပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ထိုကုန်သင်္ဘောသည် ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင် ရန် ကုန်မြစ်ဝ ရေကြောင်းပြစခန်းနှင့် ရေမိုင် ၇ မိုင်အကွာ ပင်လယ် ပြင်၌ မတော်တဆဖြစ်ပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ နစ်မြုပ်မှုကြောင့် တင်ဆောင်လာသည့် အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး တပ်မတော် (ရေ) နှင့် ကုန်တင် သင်္ဘောတစ်စင်းတို့က အချိန်မီ လာရောက်ကူညီခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် သင်္ဘောသားများကိုမူ ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် ဝန်ထမ်း တချို့ ပြန်ရောက်လာ

တပ်မတော်မှ ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဖြစ်သည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် အစိုးရဝန်ထမ်း တချို့ ပြန်ရောက်လာကြောင်း သိရသည်။ လက်ရှိတွင် ဝန်ထမ်း အဆောက်အဦးများကို ရှင်းလင်းရေးများလုပ်ဆောင်နေကြောင်းလည်း မြို့ခံတဦးက ပေါ်ပြူလာနယူးကိုပြောသည်။ ပထမအသုတ်အဖြစ် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လဝက ဝန်ထမ်း တချို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်း သူက ဆိုသည်။ “ဇူလိုင်လ ၁၈ ရက် ညနေ ကတည်းကပါ။ အိမ်စီးကားတွေနဲ့ ရောက်လာတာ ကားအစီးရေရာနဲ့ချီရှိတယ်၊ စားနပ်ရိက္ခာကားတွေလည်းပါတယ်” ဟု သူက ပြောပြသည်။ ထို့အပြင် စုံစမ်းမှုအရ နောင်ချိုမြို့အတွင်း စစ်ရှောင်သူတချို့လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071