မန္တလေးတွင် ခရီးသည်တင် သုံးဘီးယာဉ်နှင့် ဆိုင်ကယ်တို-က်မိရာမှ ဆိုင်ကယ်မောင်းသူ ဒဏ်ရာရ

0
219

မန္တလေးမြို့၊ (၈၆) လမ်း၊ (၃၆)လမ်းနှင့် (၃၇)လမ်းကြားတွင် ဆိုင်ကယ်နှင့် ခရီးသည်တင်သုံးဘီးယာဉ်တို့ တို-က်မိမှု ဖြစ်ပွားရာ ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး ထိခိုက် ဒဏ် ရာများရရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် မဏီစလလူမှုကူညီရေး အသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် (၂၃) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းဒဏ်ရာနှင့် အခြားထိခိုက် ဒဏ်ရာများရရှိခဲ့သည့် အမျိုးသားအား မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ပြင်ပလူနာဌာနသို့ ပို့ဆောင်ကူညီခဲ့ခြင်းဖြစ်ကြောင်း “မဏီစလ” လူမှုကူညီရေးအသင်း(မန္တလေး)မှ သတင်းထုတ်ပြန်ထားသည်။

ဇွန်(၂၂) ရက် ညပိုင်းအချိန်ကလည်း မန္တလေးမြို့၊ (၈၄) လမ်းနှင့် (၃၆)လမ်းထောင့်တွင် ကားတစ်စီးနှင့် မီးနီအိုးဝေတို့ မတော်တဆ ယာဉ်တို-က်မှုဖြစ်ပွားခဲ့ပြီး မီနီအိုးဝေ မောင်းသူ အမျိုးသားမှာ ဦးခေါင်းဒဏ်ရာနှင့် အခြားထိခိုက် ဒဏ်ရာများရရှိခဲ့သည်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

မန္တလေးမြို့တွင် သွားလာရေးကဏ္ဍအတွက် ခရီးသည်တင်သုံးဘီးယာဉ်များကို စီးနင်းအသုံးပြုမှုများပြားလာသည်နှင့်အမျှ သုံးဘီးယာဉ်ပါဝင်ပတ်သက်သည့် ယာဉ်တို-က်မှုများလည်း မကြာခဏဖြစ်ပွားလျက်ရှိပြီး မောင်းနှင်သူတချို့သည် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းခြင်းတို့ရှိကြောင်း မြို့ခံများက ဝေဖန်ပြောဆိုမှု ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here