သာသနာတော် တည်တံ့ပြန့်ပွားဖို့အတွက် လှူဒါန်းသွားမယ့် ထွန်းအိန္ဒြာဗို

0
226

tun-eaindra-copy

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ အား ထေရဝါဒ သာသနာတော်တည်တံ့ပြန့်ပွားရေး အတွက်ရည်ရွယ်၍ နဝကမ္မ အလှူတော်ငွေ ကျပ်သိန်း၅ဝကို နိုဝင်ဘာလ ၁၇ရက်နေ့က ထွန်းအိန္ဒြာဗိုမှဆက်ကပ်လှူဒါန်း ခဲ့ပါတယ်။ ထေရဝါဒသာသနာတော် တည်တံ့ပန့်ပွားဖို့ အတွက် နောက်ထပ်လည်း လှူဒါန်းသွားဦးမှာဖြစ်ကြောင်း ထွန်း အိန္ဒြာဗိုက ပြောပါတယ်။

“ဘုန်းဘုန်းရဲ့တရားကိုနေ့တိုင်းနာဖြစ်တယ်။ တရား လည်း ထိုင်ဖြစ်တယ်။ တရားက တစ်နေ့တစ်နေ့ဆိုရင် နားနဲ့ မပျက်အောင်နီး ပါးအလုပ်ချိန်ကလွဲပြီး နာဖြစ်တယ်။ တရား တွေအများကြီးနာဖြစ်တဲ့ အချိန်မှာတရားတွေကို သဘော ပေါက်သထက် ပေါက်လာတယ်။ ဘုန်းဘုန်း တကယ်လုပ်နေ တာတွေကိုလည်း ကိုယ်ကဘာတတ်နိုင်လဲလို့ စဉ်းစားလိုက် တဲ့အချိန်မှာ တကယ်ဦးဆောင်လုပ်နေတဲ့ သူရှိတဲ့နောက် မှာ လိုအပ်တဲ့ဟာက ပံ့ပိုးမှုဆိုတဲ့ အိုင်ဒီယာနဲ့ လှူလိုက်တာ ပါ။ ကျွန်မစဉ်းစားတိုင်း ကျေနပ်တယ်။ စဉ်းစားတိုင်း ဝမ်းသာ တယ်။ ထေရဝါဒဗုဒ္ဓသာသနာ အစစ်အမှန်ပြန့်ပွား တည်တံ့ဖို့ဆိုတာ အခုထေရဝါဒဗုဒ္ဓသာသနာလမ်းပေါ် ရောက်တာတောင်မှ လမ်းလွှဲ စရာလိုင်းတွေ အများကြီးဖြစ် နေတာလေ။ သာသနာအစစ်အမှန်တည်တံ့ဖို့၊ ပြန့်ပွားဖို့က လိုကိုလိုအပ်တယ်။ အစဉ်အဆက်ထိန်း သိမ်းသွားမှ နောင်လာနောက်သားတွေအတွက် လက်ရှိသာသနာ မပျောက်မှာ၊ အစဉ်အဆက်ထိန်းသိမ်းခဲ့လို့ ကျွန်မတို့ တရား စစ်တရားမှန်တွေနာခွင့်ရတာ၊ အဲဒီလိုပဲ ကိုယ့်သားစဉ်မြေး ဆက်ရဲ့ အဆက်အဆက်မျိုးဆက်တွေ တရားစစ်တရား မှန် နာခွင့်ရဖို့အတွက် သဒ္ဓါပေါက်လာလို့ လှူဒါန်းဖြစ်တာပါ” လို့ လှူဒါန်းဖြစ်ခဲ့ပုံကို ပြောပြပါတယ်။

tun-eandar-bo-copy

ထွန်းအိန္ဒြာဗိုက ဘာသာရေးကိုလည်း အမြဲမပြတ် လုပ်ဆောင်လေ့ ရှိသူတစ်ဦးဖြစ်ပြီး ရိုက်ကွင်း ပေါ်မှာပဲဖြစ် ဖြစ်၊ ခရီးထွက်တဲ့အချိန် မျိုးမှာပဲဖြစ်ဖြစ် ဘုရားစာအုပ် တစ်အုပ်ကိုင်ထားတာကို မကြာခဏဆိုသလို တွေ့ရလေ့ ရှိပါတယ်။ ထွန်းအိန္ဒြာဗိုနေ့စဉ်ပြုလုပ်လေ့ရှိတဲ့ ဘာသာရေး လုပ်ဆောင်မှုများကို မေးမြန်းကြည့်ရာ

“ကျွန်မနေ့စဉ် ပရိတ်ကြီး ၁၁သုတ်နဲ့ ပဋ္ဌာန်းဒေသ နာရယ်၊ ဓမ္မာစကြာရယ်ကို တစ်နေ့ ၄ခေါက်ရွတ်ပါတယ်။ တရားတွေကတော့ ကြုံတိုင်း အားတိုင်းနာတယ်။ တရားမှတ် တာတွေလည်း လုပ်တယ်။ ဘုရားစင်ရှေ့မှာတော့ တစ်နေ့ တစ်ကြိမ်လောက်ပဲထိုင်ဖြစ်တယ်။ ကျန်တဲ့ အချိန်တွေက တော့ ကြုံတိုင်း တရားမှတ်ပါတယ်။ မေတ္တာပို့တာတွေရှိတယ်။ ကျွန်မအခုတော့ ရိပ်သာဝင်ဖို့လည်း စဉ်းစားနေ တယ်” လို့ ပြောပါတယ်။ ဗုဒ္ဓသာသနာထွန်းကားတဲ့ မြန်မာပြည်မှာ မြန်မာပြည်သူတစ်ယောက်ဖြစ်ရတာ ကံကောင်းတယ်လို့ဆိုတဲ့ ထွန်းအိန္ဒြာဗိုက..

“ကျွန်မတိုက်တွန်းချင်တာတော့ စဖြစ်လိုက်ဖို့ပဲ လိုပါတယ်။ စဖြစ်လိုက်တာနဲ့ သူ့ဟာသူ တစ်ဆင့်ပြီး တစ်ဆင့် သိချင်စိတ်တွေ လုပ်ချင် စိတ်တွေ သဒ္ဓါတွေဖြစ် လာတာပေါ့။ စဖြစ်အောင်စလိုက်ဖို့ပဲလိုတယ်။ ကိုယ် စလိုက်တာနဲ့ မှန်မှန်ကန်ကန် တကယ့်ဆရာတော်ကြီးေ တွ ဟောတဲ့ ဘုရားရဲ့တရားတော်ကို မလွဲမသွေ ဟောတဲ့ ဆရာ တော်ကြီးတွေရဲ့ တရားဖြစ်ဖို့တော့ လိုတာပေါ့။ ကျွန်မတို့ မြန်မာပြည် မှာရှိတဲ့ တကယ့်ဆရာတော်ကြီးတွေကတော့ လည်း မလွဲမသွေဟောတဲ့ ဆရာတော်တွေချည်းပါပဲ။ဘုရားဟော ထားတဲ့ ပိဋကတ်၃ပုံ ကဒီနေ့ ထိရှိနေသေး တယ်။ ဒါတွေကို ကျောက်ထက်အက္ခရာတင်ထား တဲ့ ကျမ်းတော်တွေလည်း ဒီနေ့ထိရှိနေသေး တယ်။ အဲဒီထဲကပဲ မလွဲမသွေဟောရတာပဲ။ အဲဒီတစ်ခုတည်းနဲ့တင် မြန်မာနိုင်ငံမှာ မြန်မာပြည်သူတစ်ယောက်ဖြစ်ရတာ သိပ်ကံ ကောင်းပါတယ်” လို့ပြောပါတယ်။

အခုဆိုရင် မြန်မာပြည်မှာဘေး အန္တရာယ်ဆိုးတွေ အမြဲဆိုသလို ကြုံတွေ့ ကြရပါတယ်။ လူတွေရဲ့လောဘကြောင့် ဘေးဒုက္ခတွေနဲ့ ကြုံတွေ့နေရတာဖြစ် ကြောင်းကို ထွန်းအိန္ဒြာဗို က “ကျွန်မတစ်ယောက်တည်း အမြင်ကတော့ လူတွေရဲ့လော ဘကြောင့်ကမ္ဘာ ကြီးပျက် တာ ပါ။ ပတ်ဝန်းကျင် ဂေဟစနစ် တွေပျက်လာတယ် ဆိုတာ လူတွေရဲ့လောဘ ကြောင့်စ တာပဲ။ ဒါကမ္ဘာနဲ့ ကိုချီပြီး ပြောတာ မြန်မာပြည် တစ်ခု တည်းပြောတာ မဟုတ်ပါဘူး။ ဓာတ်သတ္တုတွေများစွာ တူးဖော် ထုတ်လုပ်တာ ဆိုတော့ ကမ္ဘာကြီးရဲ့ တုံ့ပြန်မှုကို လူသားအားလုံးပြန် ရ တာပဲ။ ဒါဘာလို့တူး ဖော်ထုတ်လုပ်လဲ၊ လိုချင်လို့ တူးဖော်ထုတ်လုပ်တယ်။ လိုချင်တာဘာလဲဆိုတော့ လောဘ ပေါ့။ အဲဒီလော ဘကမျှတတဲ့ လော ဘဖြစ်ရမယ်။ လောဘမရှိရဘူး လို့မဆိုလိုဘူး။ မျှမျှတတဖြစ်ရမယ်။ ကိုယ်တစ်ခုဖြုန်း ပြီးရင် တစ်ခုပြန်စိုက် ရမယ်။ အဲဒီလို မဟုတ်ခဲ့ဘူး။ လိုချင် တာပဲယူသွားပြီး ပြန်လှည့်မကြည့်တဲ့ အတ္တကြီးတဲ့ လောဘတွေကြောင့် သဘာဝဘေး အန္တရာယ်တွေ ရင်ဆိုင် ရပြီး ဒုက္ခရောက်ကြတာပါ” လို့ ပြော ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here