ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းမှ ထိုင်းသို့ လစဉ် ပြောင်းတန် ၁၃၀၀၀ ကျော် တင်ပို့ရန်စီစဉ်ထား

0
68

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ ရွှေမဲဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ လစဉ် ပြောင်းတန်ချိန် ၁၃၀၀၀ ကျော် တင်ပို့ရန် စီစဉ်နေကြောင်း ပြောင်းတင်ပို့သူများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ရွှေမဲဆိပ်ကမ်းမှ တောင်ကြီး၊ ရပ်စောက်၊ ဟိုပုံး စသည့် မြို့များက ထွက်ရှိသည့် ပြောင်းများကို ရေလမ်းကြောင်းမှတဆင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

” နယ်စပ်လမ်းကြောင်းအခြေအနေက ဘာမှန်းမသိလို့ ရေကြောင်းကနေတဆင့်တင်ပို့တာ။ တောက်လျှောက်တော့တင်ပို့နေတယ်။ ‌ပြောင်းဈေးလည်း သင်္ကြန်ပြီးမှာတတ်လာတယ်”ဟု ပြောင်းကုန်သည်တစ်ဦးကပြောသည်။

ရွှေမဲဆိပ်ကမ်းကို ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုအတွက် ရန်ကုန်-ကော့သောင်း၊ ကော့သောင်း-ရန်ကုန် လမ်းကြောင်းပေါ်ရှိ ရန်ကုန်ဘက်ခြင်း ဆိပ်ကမ်းတစ်ခုအဖြစ် အသုံးပြုရန်လျာထားခြင်းဖြစ်ပြီး ပြည်တွင်းရေကြောင်းဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အိန္ဒိယ စသည့် အိမ်နီးချင်းနိုင်ငံများကို ပို့ကုန်များ တင်ပို့ခွင့်ပြုထားကြောင်း သိရသည်။

အလားတူ ရွှေပြည်သာမြို့နယ်တွင်တည်ဆောက်ထားသည့် မုတ္တမဆိပ်ကမ်းကိုလည်း အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချယာယီဆိပ်ကမ်းတစ်ခုအဖြစ် ခွင့်ပြုပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here