မြန်မာ့ကာယဗလ အားကစားအဖွဲ့ ရွှေတံဆိပ်သုံးခုနှင့် ငွေတံဆိပ်သုံးခု ရရှိခဲ့

0
130

(၁၈) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုသွား ရောက်ယှဥ်ပြိုင်သည့် မြန်မာ့ကာယဗလ အားကစားအဖွဲ့သ ည် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်သုံးခု ရရှိခဲ့သည်။ 

အဆိုပါ အားကစားပြိုင်ပွဲကို လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ မေ (၁၆) ရက်မှ မေလ (၂၀) ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။  

အောင်ပွဲရရှိခဲ့သည့် မြန်မာ့ကာယဗလ အားကစားအဖွဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိချိန်တွင်လည်း ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ကော်မတီအတွင်းရေးမှုး ဦးညွန့်ဖေ နှင့် ကော်မတီဝင်များ သွားရောက်ကြိုဆိုခဲ့ကြသည်။

ထို့ပြင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူ များ၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်နှင့် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား/သူများ၊ မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများ၊ ပြည်သူများက မှအိုးစည်ဒိုးပတ် အကများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here