ကျိုက်ထိုမြို့နယ်မှ ကိုဗစ်ကူးစက်ခံရသူ အသက် (၆၇)နှစ်အရွယ် အမျိုးသမီး ဆေးရုံဆင်းခွင့်ရ

0
114

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်တွင် ယခုနှစ်အတွက် ပထမဆုံး ကိုဗစ်ရောဂါ ကူးစက်ခံထားရသူ အသက်(၆၇)နှစ်အ ရွယ်အမျိုးသမီးမှာ ယနေ့ မေ(၂၂) ရက်၌ ပြန်လည်ကျန်းမာလာပြီဖြစ်သဖြင့် ဆေးရုံဆင်းခွင့်ပြုပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဉီးစီးဌာနက အသိပေးထားသည်။

အဆိုပါ အမျိုးသမီးမှာ ကျိုက်ထိုမြို့နယ်၊ ကျောက်တန်းလေးကျေးရွာတွင် နေထိုင်သူဖြစ်ပြီး၊ မေ(၁၀)ရက်က အသ က်ရှုကြပ်သဖြင့် သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ရောက်ရှိလာရာမှ ကိုဗစ်ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြ စ်သည်။

ထို့ကြောင့် သိမ်ဇရမ်တိုက်နယ် ဆေးရုံတွင် (၂၂) ရက် (ရက် သတ္တပတ်သုံးပတ်) အကြာ ဆေးဝါးကုသခဲ့ပြီးနောက် ပြန် လည်ကောင်းမွန်လာသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ခြင်းဖြစ်သ ည်။

ဆေးဝါးကုသနေစဉ်အတွင်း အောက်ဆီဂျင်ကျပြီး မကြာခ ဏမောနေသည့်အတွက် အောက်ဆီဂျင်မပြတ်ပေးထားရကြောင်းနှင့် သူမအနေဖြင့် ကိုဗစ်ကာ ကွယ်ဆေးတစ်ကြိမ်မှထိုးနှံထားခြင်းမရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

ထို့အပြင် လူနာနှင့်ထိတွေ့ထားသူ(၆)ဦးကို  ၎င်းတို့၏ နေအိ မ်တွင် အသွားအလာ ယာယီကန့်သတ်ထားပြီး၊ လက်ရှိတွင် ကန့်သတ်ကာလ ပြန်ရုတ်သိမ်းခြင်းရှိ/မရှိကိုမူ မြို့နယ်ကျန်း မာရေးဦးစီးဌာန၏ အသိပေးချက်တွင် ဖော်ပြထားခြင်းမရှိပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here