ကမ္ဘာအေးဘုရားလမ်းတွင် YBS ယာဉ်မှ ဓာတ်အားလိုင်းတိုင်အား ဝင်တိုက်မိ၍ မရမ်းကုန်းမြို့နယ် ရပ်ကွက်အချို့ လျှပ်စစ်မီးပြတ်မည်

0
85

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘု ရားလမ်း၊ စာတိုက်မှတ်တိုင်အနီးတွင် YBS ယာဉ် တစ်စီးမှ ကမ္ဘာအေး ဓာတ်အားလိုင်း ကွန်ကရစ်တိုင်အား တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံများထံမှ သိရသည်။ 

ယနေ့ မေလ(၂၂)ရက် နံနက်အစောပိုင်း (၅)နာရီခွဲအချိန်ခန့်က မရမ်းကုန်မြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ စာတိုက်မှ တ်တိုင်အနီးရှိ 33KV စိန်ပန်းမြိုင် – ကမ္ဘာအေး ဓာတ်အားလိုင်း ကွန်ကရစ်တိုင်အား ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ် တစ်စီးမှ ကမ္ဘာအေး ဓာတ်အားလိုင်း ကွန်ကရစ်တိုင်အား တို က်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

“မရမ်းကုန်းမြို့နယ်က ဓာတ်တိုင်တွေ ကံနိမ့်နေတယ်။ ကားခဏခဏ အတိုက်ခံနေရတယ်။ မီးကတော့ (၃) နာရီလောက်ကတည်းက ပျက်နေတာ”ဟု မရမ်းမြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။ 

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လူထိခိုက်မှု တစ်စုံတရာမရှိခဲ့သော်လည်း မရမ်းကုန်းမြို့နယ် (၅၊ ၇၊ ၈၊ ၉၊ ၁၀)ရ ပ်ကွက်တို့တွင် လျှပ်စစ်ဓါတ်အား ပျက်တောက်နေကြောင်း မရမ်းကုန်းမြို့နယ် YESC မှ ထုတ်ပြန်အသိ ပေးထားသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဓာတ်အားပြန်ပေးနိုင်ရေး အမြန်ဆုံး ပြုပြင်ဆောင်ရွက်လျှက်ရှိပါကြောင်း မရမ်းကုန်းမြို့နယ် Y ESC မှ အများပြည်သူများထံ အသိပေးပန်ကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here