ရန်ကုန်စက်မှုဇုန်သို့ သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းယို့စိမ့်မှု ဖြစ်ပွားခဲ့

0
324

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဆင်ဖုံကျေးရွာတွင် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်စက်မှုဇုန်သို့ သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းယို့စိမ့်မှုဖြစ်ပွါးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းမှ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သွားရောက်ကူညီသည့် လှည်ကူးမြို့ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ထံမှ သိရသ ည်။

ထိုကဲ့သို့ ဓာတ်ငွေ့ပိုက်လိုင်းယို့စိမ့်မှုဖြစ်ပွားခဲ့ခြင်းကို မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ လူနာတင်ယာဉ်(၁)စီး၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ LUF 60 ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ LUF 60 ယာဉ်(၁)စီး၊ မြောက်ဥက္ကလာပမြို့နယ် မီး သတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၁) စီး၊ ရွှေပေါက္ကံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးနှင့် ဝေဘာဂီနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးတို့ ထွက်ခွာကာ လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here