သထုံမြို့နယ်တွင် အုတ်ဖို၌ အလုပ်လုပ်နေသည့် သားအမိနှစ်ဦး မိုးကြိုးစက်ကွင်း မလွတ်၍ သတိလစ်မေ့မြောမှု ဖြစ်ပွား

0
106

မွန်ပြည်နယ်၊ သထုံမြို့နယ် ၊ သိမ်ဆိပ်အပိုင်၊ မင်းတဲစုရပ်ကွက်ရှိ အုတ်ဖိုတွင် အလုပ်လုပ်ကိုင်နေသည့် သားအမိနှစ်ဦးမှာ ယမန်နေ့ မေ(၇)ရက်၊ နံနက် (၁၁)နာရီ အချိန်ခန့်က မိုးကြိုးစက်ကွင်းထိကာ သတိလစ်မေ့မြောခဲ့သည့် ဖြစ်စဉ်တ စ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးကြိုးစက်ကွင်း ထိခဲ့သူ သားအမိနှစ်ဦးမှာ သုဝဏ္ဏဝတီမြို့ ၊ ကျိုက်ကော်အပြင်၊ အနန်းကုန်းအပိုင်းတွင် နေထိုင်သည့် အသက်(၃၀)နှစ်အရွယ် မိခင်ဖြစ်သူနှင့် အသက်(၁၁)နှစ်အရွယ်သမီးဖြစ်သူတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ သားအမိနှစ်ဦးအား ဒေသတွင်းလူမှုကယ်ဆယ်ရေး နှင့် နာရေးကူညီမှုအသင်းက သိမ်ဆိပ်တိုက်နယ်ဆေးရုံသ်ို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့က သထုံမြို့နယ်၊ ကျိုက်ကော်၌ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းနှင့် မိုးခြိမ်းခြင်းများဖြစ်ပေါ်ခဲ့ကာ နေအိမ်ခေါင်မိုးလန်ထွက်ခြင်းများနှင့် သစ်ပင်ပြိုလဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here