မုံရွာမြို့တွင်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် ကျင်းပ 

0
304

၂၀၂၄ခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေးရက် သတ္တပတ် အထိမ်းအမှတ် အခမ်းအနားကို မေလ (၆)ရက်နေ့၊ နံနက်ပိုင်းက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် ကျင်းပခဲ့သည်။

“အခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားဆောင်ပုဒ်က ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့ ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းဖြင့် ကာကွယ်လို့ရတဲ့ ရောဂါများကြောင့် သေဆုံးမှုအား လျော့ချပြီး ကလေးများ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေဖို့ ရည် ရွယ်တာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဟာ နှစ်စဉ်အသက်ပေါင်းများစွာအား ကယ်တင်ပေး လျက်ရှိပြီး တစ်ကမ္ဘာ့လုံးမှာ ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတ က်လာမှုရဲ့ အောင်မြင်မှုပြယုဂ်ဖြစ်ပါတယ်။ အခုလိုဆောင် ရွက်ခြင်းဖြင့် ပိုမိုကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝကိုပိုင်ဆို င်နိုင် ကြမှာဖြစ်ပြီး ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးဖို့ ကျန်ရှိခဲ့တဲ့ကလေးငယ်တွေနဲ့ကိုယ် ဝန်ဆောင်မိခင်အားလုံးကို ဘယ်ဒေသမှာ မှီတင်းနေထိုင်တာဖြစ်စေ လိုအပ်တဲ့ ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့ ကျန်းမာရေးဦးစီးဌာနရဲ့ ဦး စားပေးလုပ်ငန်းအဖြစ် ဆောင် ရွက်ပေးသွားကြဖို့လိုအပ်ပါတယ်”ဟု တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပြောသည်။ 

အခမ်းအနားသို့ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗို လ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ ကျ န်းမာရေးဝန်ထမ်းများနှင့် ကာကွယ်ဆေးထိုးနှံမည့် ကလေးငယ်များနှင့် မိခင်များ တက်ရောက်ကြသည်။

ထို့နောက်ကာကွယ် ဆေးအကြိမ်ပြည့် မထိုးနှံရသေးသည့် အသက် (၁) နှစ်အောက် ကလေးငယ်များအား ကာကွယ် ဆေးထိုးနှံ/တိုက်ကျွေးပေးခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကလေးငယ်များနှင့်မိခင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here