ဖူးခက်တွင် မြန်မာတစ်ဦး ပင်လယ်လှိုင်းကြီးများထဲ​မျောပါ ကွယ်လွန်

0
57

တနင်္ဂနွေနေ့ နေ့လယ်က ရေနစ်ပြီး ပျောက်ဆုံးသွားသော မြန်မာအမျိုးသားအလောင်းကိုဖူးခက်မြို့ ပ​တောင်း ရဲစခန်းမှ တာဝန်ရှိသူများက ပြန်​တွေ့ရှိခဲ့ပြီဖြစ်သည်။

အလောင်းအား မေလ ၆ ရက် တနင်္လာနေ့ နံနက် ၁ နာရီ ၅၀ မိနစ်တွင် Kalim ကမ်းခြေတွင် တွေ့ရှိခဲ့ကြောင်း ရေဒီယိုဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ သေဆုံးသူမှာ အသက် ၂၀ အရွယ် မစ္စတာနေမျိုးဇော်ဖြစ်ပြီး ကမ်းခြေတွင် အပန်းဖြေရန် သူငယ်ချင်းများနှင့်အတူ လိုက်ပါလာသူဖြစ်ကြောင်း သိရသည်။ 

အခြားသူများကဂစ်တာတီးပြီး သီချင်းဆိုနေချိန်တွင် ၄င်းနှင့်အခြားသူငယ်ချင်းတစ်ယောက်က အန္တရာယ်ရှိလှိုင်းလုံးကြီးများအားအနီရောင်အလံများဖြင့် သတိပေးသည့်​နေရာ တွင်ရေသွားကူးကြသည်ဟုဆိုသည်။ နှစ်ယောက်စလုံး လှိုင်းလုံးကြီးဖြင့် မျောပါသွားရာ သူငယ်ချင်းတစ်ယောက်ကိုသာ ကယ်ဆယ်နိုင်ခဲ့သည်။ 

ဦးနေမျိုးဇော်၏ ရုပ်အလောင်းကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကူဆိုလသမ်ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး လုပ်သားများက ရင်ခွဲစစ်ဆေးခဲ့သည်။ ထို့နောက် ရုပ်အလောင်းအား သာသနာရေး ဆိုင်ရာ ထုံးတမ်းများ​ဆောင်ရွက်ရန်ဆွေမျိုးများထံ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

Source: Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here