ငါးနှစ်တာကာလအတွင်း ငွေစက္ကူအတု ရောင်းဝယ်မှု (၁၇ ၂ )ကြိမ် ဖမ်းဆီးအရေးယူခဲ့ကြောင်း နစက ထုတ်ပြန်

0
135

ငါးနှစ်တာကာလအတွင်း ငွေစက္ကူအတု ရောင်းဝယ်မှု (၁၇ ၂ )ကြိမ်ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း နစက သတင်းထု တ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ (၅)နှစ်တာကာ လအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် အရေးအတွက်ဖြစ် သည်။

ထို့ပြင် လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌ ပုံစံမျိုးမျိုးဖြင့် ငွေစက္ကူအတုရောင်းချနေသူများကိုလည်း ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေးဆောင်ရွက်နေသည်ဟုလည်း အသိပေးထုန်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် အတုမှန်းသိလျက် သုံးစွဲခြင်းမဖြစ်စေရန်၊ အတု၊ အစစ် စိစစ်ခွဲခြားနိုင်ရန်အတွက် ငွေစက္ကူ စတင်ထုတ်ဝေမှုပြုစဉ်ကပင် ယင်းငွေစက္ကူနှင့် ပတ်သက်သော လုံခြုံရေးအ ချက်အလက်များကို TV သတင်း၊ သတင်းစာနှင့် ဘဏ်များမှတဆင့် ကျယ်ကျယ်ပြန့်ပြန့် ကြေညာ‌ ဆောင်ရွက်ခဲ့ကြော င်း ဖော်ပြထားသည်။

ငွေစက္ကူနှင့် ပတ်သက်သော လုံခြုံရေးအချက်အလက်များ၊ သွင်ပြင်လက္ခဏာများကို TV၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website၊ သတင်းစာများတွင် ထုတ်ပြန်ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၁ တွင် “မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ငွေဒင်္ဂါးနှင့် လွှဲ ပြောင်းနိုင်သော စာချုပ်စာတမ်းတစ်မျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းမပြုလုပ်ရ”ဟု ပါရှိပြီး ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ပုဒ်မ ၁၀၅ အရ ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုသော ထောင်ဒ ဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ် ကြောင်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here