ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် လမ်းဖြတ်ကူးသူ အမျိုးသားအား ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS (92) ယာဉ်လိုင်းမှ ယာဉ်တစ်စီးမှ တိုက်မိပြီး မောင်းနှင်ထွက် ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ယာဉ်တိုက်ခံရသည့် အ မျိုးသားမှာ နေရာ၌ပင် အသက်ဆုံးရှုံးခဲ့ရကြောင်း သွားရော က် ကူညီခဲ့သည့် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။
ယနေ့ မေလ(၆) ရက်၊ နံနက် (၆)နာရီခွဲအချိန်က မင်္ဂလာဒုံမြို့ နယ် အမှတ်(၃)လမ်းမ၊ (၃)လမ်းဆုံ မီးပွိုင့်အနီးတွင် လမ်း ကူးနေစဉ် YBS (92)မှ တိုက်ပြေးသွားကြောင်း သတင်းအရ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကူညီရန် သွားရော က်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နေရာအရောက် ယာဉ်အတိုက်ခံရသူ အမျိုးသားမှာ အသက်ဆုံးရှုံးနေပြီဖြစ်သည့်အတွက် ရုပ်အလောင်းကို မြောက်ဥက္ကလာပ မေဓါဝီဆေးရုံသို့ ပုလဲအရန်မီးသတ်တပ် ဖွဲ့မှ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မိပြီး လူ့အသက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သ ည့် တိုက်ပြေးသွားသည့် ယာဉ်မောင်းကို မျက်မြင်ပြည်သူ များ၏ သတင်းပေးချက်အရ ပုလဲလမ်းဆုံတွင် ပြန်လည်ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
