လိုက်ထရပ်ယာဉ်မှ ရပ်ထားသည့် တွဲကားကို တို-က်မိရာ လိုက်ထရပ် ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာများရ

0
267

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းကျေးရွာ၊ တပင်ရွှေထီးလမ်းတွင် ရပ်ထားသည့် တွဲကားအား လိုက်ထရပ်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တို-က်မိခဲ့ရာ လိုက်ထရပ် ယာဉ်ပေါ်ပါ အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် သွေ-းဒါနမျိုးဆက် လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယနေ့ မေ (၅)ရက် နံနက်၊ (၄)နာရီ (၄၄) မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုနှင့် သွေ-းဒါနမျိုးဆက် လူမှုကူညီရေးအသင်းတို့မှ ထွက်ခွာကူညီခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်အတွင်း ပိတ်မိနေသော ယာဉ်မောင်း အမျိုးသား (၁)ဦးကို မီးသတ်တပ်ဖွဲ့နှင့် သွေ-းဒါနမျိုးဆက် လူမှုကူညီရေးအသင်းတို့မှ ဝိုင်းဝန်း ဆွဲထုတ်ခဲ့ရကြောင်း သိရသည်။

“လိုက်ထရပ်ကားက ရပ်ထားတဲ့ တွဲကားကို အနောက်ကနေ ဝင်တို-က်တာ ကွေ့ကြောလေးမှာပေါ့။ တစ်ယောက်ကတော့ လက်ချောင်းလေးတွေ ပြ-တ်သွားတယ်။ ည-ပ်နေတဲ့ နောက်တစ်ယောက်ကလည်း ခြေထောက်ကျိုးတယ်။ လက်လည်း ကျိုးတယ်။ သူကတော့ ထိခိုက်ဒဏ်ရာများတယ်။ သူ့ကိုတောင် မီးသတ်တပ်ဖွဲ့လာတော့မှ ယာဉ်ခေါင်းခန်းကနေ ထုတ်လို့ရခဲ့တာ”ဟု အသင်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်အတွင်းပိတ်မိနေသော ထိခိုက်ဒဏ်ရာများရရှိခဲ့သူ (၁)ဦးကို သွေးဒါနမျိုးဆက် သူနာတင်ယာဉ်ဖြင့် လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here