ယူကရိန်းတွင် ငြိမ်းချမ်းစွာ ဖြေရှင်းရေး အစီအစဉ် ထရမ့် ရေးဆွဲနေ

0
180

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် သည် ယူကရိန်း ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အသေးစိတ် အစီအစဉ်ကို ရေးဆွဲထားပြီးဖြစ်သော်လည်း ရွေးကောက်ပွဲ မတိုင်မီအထိ ၎င်းကို ထုတ်ဖော်ပြောကြားမည် မဟုတ်ကြောင်း သူနှင့် နီးစပ်သည့် အမည်မဖော်လိုသူ သတင်းရင်းမြစ်ကို ကိုးကား၍ Daily Telegraph သတင်းစာက ဖော်ပြခဲ့သည်။

“အစီအစဉ်တစ်ခုရှိတယ်၊ ဒါပေမယ့် သူက သတင်းမီဒီယာကွန်ရက်တွေနဲ့ ငြင်းခုံမှာမဟုတ်ဘူး” ဟု သတင်းရင်းမြစ်က ဆိုထားသည်။

မီဒီယာများနှင့် တွေ့ဆုံငြင်းခုန်မည့်အစား အမေရိကန်မဲဆန္ဒရှင်များကို စည်းရုံးန် ကြိုးပမ်းမှုတွင် စစ်ပွဲကို အဆုံးသတ်စေမည့် ရိုးရှင်းသော သတင်းစကားတစ်ခုမှတစ်ဆင့် ထရမ့်ကို အားလုံးက အာရုံစိုက်သွားစေမည်ဖြစ်ကြောင်း သတင်းရင်းမြစ်အရ သိရသည်။

ရုရှားသည် ယူကရိန်းနိုင်ငံတစ်ဝှမ်းရှိ အခြေအနေများနှင့် ပတ်သက်၍ ၎င်း၏ ရပ်တည်ချက်ကို အဆင့်အမျိုးမျိုးဖြင့် အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်။ ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက မော်စကိုသည် အကျပ်အတည်းကို သံတမန်နည်းလမ်းအရ ဖြေရှင်းရန် အမြဲတမ်း လမ်းဖွင့်ထားသည်ဟု မှတ်ချက်ပြုခဲ့ပြီး၊ ယူကရိန်းအစိုးရဖက်ကလည်း ရုရှားနှင့် နောက်ထပ် စေ့စပ်ညှိနှိုင်းမှုများကို တားမြစ်ထားသော်လည်း အမှန်တကယ် လေးနက်သော အဆိုပြုချက်များကိုမူ တုံ့ပြန်ရန် အသင့်ရှိကြောင်း ယခင်က ပြောကြားခဲ့ဖူးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here