စားအုန်းဆီကို အခြားဆီများနှင့် ရောနှောရောင်းချခြင်းမပြုရန် အသိပေး

0
171

 စားအုန်းဆီများကို အပတ်စဉ်သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ်ငွေ ၂ ရာခိုင်နှုန်းသာ ထပ်ဆောင်းရောင်းချရန်နှင့် အခြားဆီများ ရောနှောရောင်းချခြင်း မပြုလုပ်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှအသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသည် ပြည်တွင်းစားသုံးဆီဖူလုံစေရေး၊ ပြည်ပမှ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ တင်သွင်းနိုင်ရေး၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့် စားသုံးသူများ ဝယ်ယူသုံးစွဲနိုင်စေရေး၊ စားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်းစီစဉ်ဆောင် ရွက်ပေးလျက်ရှိသည်။

ယခုအခါ ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသူအချို့သည် အပတ်စဉ် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထို က်သည့် သယ်ယူပို့ဆောင်မှု စရိတ်များအပြင် အမြတ်ရာခိုင်နှုန်း မြင့်မားစွာ ထပ်ဆောင်းရောင်းချမှုများရှိကြောင်း သိရှိ​နေသည်ဟုဆိုသည်။

သို့ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စားအုန်း ဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် အပတ်စဉ် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့‌ ဆောင်စရိတ်နှင့် အမြတ် ၂ ရာခိုင်နှုန်းသာ ထပ်ဆောင်းရော င်းချကြရန် အသိပေးထားသည်။

ထို့ပြင် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသော ရည်ရွယ်ချက်ဖြင့် အခြားဆီများနှင့် ရောနှောရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စက်မှုလုပ်ငန်းသုံးအတွက် တင်သွင်းလာသော စားအုန်းဆီများကို ဝယ်ယူသုံးစွဲသည့် လုပ်ငန်းများအနေ ဖြင့်လည်း မိမိတို့၏ လုပ်ငန်းများတွင်သာ အမှန်တကယ်သုံးစွဲကြရန်နှင့် ပြင်ပသို့ ပြန်လည်ရောင်းချခြင်း မပြုလုပ်ကြရန် အလေးနက် တိုက်တွန်း​ကြောင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here