မြဝတီနယ်စပ်တွင် လာမည့် မေ(၁)ရက်မှ စတင်၍ UID စာ ရွက်ပါမှသာ နယ်စပ်ဖြတ်ကျော်ခွင့်ပြုမည်

0
95

ထိုင်း – မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်သည့် မြဝတီမြို့မှ မဲဆောက်မြို့သို့ ဝင်ထွက်သွားလာရာ၌ လာမည့် မေ(၁)ရက်မှစတင်ကာ UID စာရွက်ပါမှသာ နယ်စပ်ဖြတ်ကျော်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြ ည်သူ့အင်အားဦးစီးဌာနက အသိပေးထားသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းသည် နယ်စပ်ဝင်ထွက်သည့် လူဦးရေစာရင်းအတိ အကျသိရှိစေရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အတုများနှင့် အသုံးမပြုတော့သည့် ကတ်များအား အသုံးပြု၍ သွားလာခြင်းများအား ထိန်း ချုပ်နိုင်ရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ UID စာရွက်ပါမှ နယ်စပ်ဖြတ်ကျော်ခွင့်ပြုမည့်အစီ အစဉ်ကို အိမ်နီးချင်း ထိုင်းနိုင်ငံသာမက တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကိုလည်း ယ င်းစနစ်ဖြင့်ပင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

UID စာရွက်ဆိုသည်မှာ အသက်(၁၀)နှစ်အထက်ရှိသူများကို အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များနှင့် ဇီဝအချက်အလက်များကို ကောက်ယူမှတ်တမ်းတင်၍ ဂဏန်း(၁၀)လုံးပါရှိသည့် နိုင်ငံတော် အသိအမှတ်ပြုလက် မှတ်တစ်ခုအား သက်ဆိုင်ရာလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်‌ေပးထားသည့် အမှတ်အသား စာရွက်ဖြစ်သည်။

မြဝတီဒေသတွင်းတိုက်ပွဲကြောင့် (၆) ရက်ကြာ ယာယီပိတ်ထားရသော ထိုင်း-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားအား ဧပြီ (၂၇)ရက် နံနက် (၁၀) နာရီအချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကာ ကုန်သွယ်မှု သီးသန့် ဆောင်ရွက်နေသော အမှတ်(၂)ချစ်ကြည်ရေးတံတားကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်ဟု ဒေသခံသတင်းအရင်းအမြစ်များထံက သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here