အောင်ဇေယျ တံတားပေါ်တွင် အမျိုးသားတစ်ဦး စက်ဘီးနင်းနေရာမှ နေအပူရှိန်ကြောင့် သတိမေ့လဲကျမှုဖြစ်ပွား

0
61

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်ကို ဆက်သွယ်ထားသည့် အောင်ဇေယျတံတားပေါ်တွင် အမျိုးသားတစ်ဦး စက်ဘီးနင်းနေရာမှ နေအပူရှိန်ကြောင့် သတိမေ့လဲကျမှုဖြစ်ပွားခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ သိရသည်။

ဧပြီ (၂၇)ရက် နံနက် (၁၁)နာရီကျော် အချိန်က အောင်ဇေယျတံတားပေါ်တွင် အမျိုးသားတစ်ဦး စက်ဘီးနင်းနေရင်း သတိမေ့လဲကျမှုဖြစ်ပွားရာ YBS ကားပေါ်မှ ပြည်သူများက အသင်းဆက်သွယ်အကြောင်းကြားသည့်အတွက် သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ဦးလေးကြီး တစ်ယောက် စက်ဘီးနင်းနေရင် သတိမေ့လဲ ကျသွားတယ်။ YBS ကားပေါ်က ပြည်သူများက မြင်လိုက်လို့ ကျွန်တော်တို့အသင်းဆီ ဆက်သွယ် အကူညီတောင်းလို့ သွားရောက်ခေါ်ဆောင်ပြီး လိုအပ်တဲ့ ဆေးကုသမှုတွေ ပေးပြီး လှိုင်သာယာ ပြည်သူ့ဆေးရုံ အရေးပေါ်ပို့ဆောင်ပေးခဲ့ပါတယ်”ဟု အသင်းမှ တာဝန်ရှိသူက ဆိုသည်။

လက်ရှိ ကာလတွင် ရာသီဥတု ပူပြင်းမှုကြောင့် သတိလစ်၊ အသက်ရှုကြပ် မူးလဲမှုများနှင့် လူ့အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိ နေသည့်အတွက် အပူချိန်မြင့်တက်ချိန် နေ့ခင်း ဘက်အပြင်ထွက်လျှင် သတိထားသွားလာကြရန် ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များမှ သတိပေးထားသည်။

ရန်ကုန်၊ မန္တလေးအပါဝင် တိုင်းနှင့် ပြည်နယ်အချိုတွင် နေ့အပူချိန်များ မြင့်တက်လျက်ရှိရာ သက်ကြီးရွယ်အိုနှင့် က-လေး-ငယ်များ၊ သွေးတိုး၊ ဆီးချို၊ နှလုံးကဲ့သို နာတာရှည် ရောဂါရှင်များအနေဖြင့် အပူဒဏ်ကို သတိထားရန်လိုအပ် ကြောင်း ကျန်းမာရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here