စားအုန်းဆီကို ဝိသမလောဘဖြင့် ဈေးနှုန်း မြှင့်တင်ရောင်း ချသူများကိုထိရောက်စွာ အရေးယူမည်ဟု ထပ်မံသတိပေး

0
143

ပြည်တွင်းဈေးကွက်၌ စားအုန်းဆီများကို ဝိသမလောဘဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချသူများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဖြင့် ထိရောက်စွာ အရေးယူမည်ဖြစ် ကြောင်း စားသုံးသူရေးရာဦးစီးဌာနက ထပ်မံသတိပေးထား သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီဈေးနှုန်းများ ဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ယခုအခါ ပြည်တွင်းရှိ အချို့သောမြို့နယ်များတွင် စားအုန်း ဆီဖြန့်ဖြူးရောင်းချသူအချို့သည်  အဆိုပါသတ်မှတ်ရည် ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်မှုစရိတ်များအပြင် အမြတ်ရာခိုင်နှုန်းမြင့်မားစွာ ထပ်ဆောင်းလျက် ရောင်းချမှုများရှိနေကြောင်း ဖော်ပြထားသည်။

သို့ရာတွင် ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီများကို ဝိသမလောဘဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးက စားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုတစ်ပတ်အတွက် သတ်မှတ်ပေးထားသော ရည်ညွှန်း‌ေဈးနှုန်းမှာ ၅၃၄၀ ကျပ်ဖြစ်ပြီး ဈေးကွက်အတွင်း ရောင်းချနေသည့်ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာ ၈၀၀၀ ကျော်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here