စံချိန်တင်အပူဆုံးဖြစ်နေသည့် မကွေးတိုင်းအပါအဝင် အလယ်ပိုင်းဒေသအချို့ နေ့အပူချိန်ဆက်တိုးမည်

0
84

စံချိန်တင်အပူချိန်များ မြင့်တက်နေသည့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများဖြစ်သည့် မကွေးတိုင်း ၊ မန္တလေးတိုင်း ၊ နေပြည်တော်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်းတို့တွင် ဧပြီ (၂၆) ရက်နှင့် (၂၇)ရက်တို့၌ နေ့အပူချိန်များ ထပ် မံတိုးမြင့်နေဦးမည်ဖြစ်ကြောင်း မိုးလေဝ သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဧပြီ (၂၅) ရက်၊ မွန်းလွဲပိုင်းက ထုတ်ပြန် အသိပေးထားသည်။

ထို့အပြင် ရှမ်းပြည်နယ်တွင်လည်း နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ကြောင်း မိုးဇ/လက အသိပေးထားသည်။

လွန်ခဲ့သော (၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီဆဲလ်စီးယပ်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ဧပြီလ၏ ပျမ်းမျှ အပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း သိရသည်။

ဧပြီ (၂၄)ရက်တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များအနေဖြင့် ချောက်မြို့တွင် ၄၆.၂ ဒီဂရီဆဲလ်စီးယပ်၊ မြ င်းခြံမြို့တွင် ၄၅.၂ ဒီဂရီဆဲလ်စီးယပ်၊ မြင်းမူမြို့တွင် ၄၅.၀ ဒီဂရီဆဲလ်စီးယပ်၊ ဂန့်ဂေါမြို့တွင် ၄၄.၆ ဒီဂရီ ဆဲလ်စီးယပ်၊ ညောင်ဦးမြို့တွင် ၄၄.၅ ဒီဂရီဆဲလ်စီးယပ်၊ မုံရွာမြို့တွင် ၄၄. ၃ ဒီဂရီဆဲလ်စီးယပ်၊ ရွှေဘိုမြို့တွင် ၄၄.၀ ဒီဂရီဆဲလ်စီးယပ်၊ ဆင်ဖြူကျွန်းမြို့တွင် ၄၃.၉ ဒီဂရီဆဲလ်စီးယပ်၊ တံတားဦး (လေကြောင်းမိုးလေဝသ)နှင့် ပခုက္ကူမြို့တို့တွင် ၄၃.၅ ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်ကြကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ် အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်နှင့်အနီးတစ်ဝိုက် မနက်ဖြန် နံနက်အထိ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်၊ မန္တလေးမြို့ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here