မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ ပွဲစဉ်များ ယနေ့ပြန် လည်စတင်

0
175

၂၀၂၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ အုပ်စုပွဲစဉ်များကို ယနေ့ ဧပြီ(၂၅)ရက် ညနေပိုင်းမှ စတင်ကာ ပြန် လည် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယနေ့ ညနေ (၄)နာရီ အချိန်တွင် ရန်ကုန်ယူနိုက်တက်ကွင်း၌ အုပ်စု (က) အဖွင့်ပွဲစဉ်အဖြစ် ရွှေပြည်သာယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို့က လည်းကောင်း၊ သုဝဏ္ဏ ဘောလုံးကွင်း၌ မဟာယူနိုက်တက်နှင့် ယူနီဗာစတီအသင်း တို့ကလ ည်းကောင်း  အသီးသီးယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

ယခုကျင်းပမည့် ဒုတိယအကျော့ ပွဲစဉ်များသည် နောက်တ စ်ဆင့်တက်ရောက်ခွင့်အတွက် အမှားခံ၍ မရတော့သည့် ပွဲစဉ်များပင်ဖြစ်သည်။

ပထမအကျော့ယှဉ်ပြိုင်မှုတွင် ရာနှုန်း ပြည့်နိုင်ပွဲ ရယူစွမ်းဆောင်ပြခဲ့သည့် အသင်းများရှိသကဲ့သို့ ထင်သလောက် ခရီးမပေါက်ခဲ့သည့် အသင်းများနှင့် လိုအပ်ချက်များစွာ ပြ င်ဆင်စရာများစွာရှိ‌နေဆဲ အသင်းများဟူ၍ ထင်ထင်ရှားရှား တွေ့မြင်ရခဲ့သည်။ 

ပထမအကျော့ အားနည်းချက်များအ‌ပေါ် အားထည့် ပြင်ဆ င်လာမည့် အသင်းများ၊ မဟာသင်္ကြန်ကာလအတွင်း မရပ်မ နား လေ့ကျင်ပြင်ဆင်ခဲ့သည့် အသင်းများ၊  စွမ်းဆောင်ရည်ကောင်းများ ပြန်လည်ထုတ်ပြရန် တာစူနေသည့်အသင်းများကြောင့် MNL League Cup 2024 2nd Round သည် ပထမအကျော့ထက် ခြားနားသည့် ပြိုင်ပွဲတစ်ခုအသွင်ဆော င်နေမည်ဖြစ်ကြောင်း မြန်မာဘောလုံးဝါသနာရှင် အသိုင်း အဝိုင်းက သုံးသပ်ပြောဆိုနေကြသည်။

MNL League Cup 2024 2nd Round အုပ်စုအဖွင့် ပွဲစဉ်များအဖြစ် ရွှေပြည်သာယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တ က်၊ မဟာယူနိုက်တက်နှင့် ယူနီဗာစတီယူနိုက်တက်၊ ရိန်းဘိုး FC နှင့် ရှမ်းယူနိုက်တက်၊ ရခိုင်ယူနိုက်တက်နှင့် Glory Goal FC၊ ငွေကြယ်ပွင့်လေးများနှင့် ဟံသာဝတီယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်နှင့် Dagon Port FC၊ ရက္ခပူရယူနိုက်တ က်နှင့် အား/ကာသိပ္ပံ FC၊ မြဝတီယူနိုက်တက်နှင့် သစ္စာအားမာန် FC တို့ တွေ့ဆုံကြမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here