သင်္ကြန်အပြီး ဆန်ကြမ်းဈေး အနည်းငယ်တက်လာ

0
125

သင်္ကြန်ပိတ်ရက် ကာလအတွင်း ကုန်စည်ဒိုင်သို့ ဆန်အဝင်နည်းခြင်းကြောင့် ပြည်တွင်းစားသုံးသည့် ဆန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း ဆန်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ပြည်တွင်း၌ စားသုံးမှုများသည့် ဇီယာ၊ ဆင်းသွယ်၊ ရက် ၉၀ ဆန် အမျိုးအစားများသည် သင်္ကြန်မတိုင်မီကထက် (၂၄) ပြည်တစ်အိတ်လျှင် ကျပ် ၃,၀၀၀ မှ ၅,၀၀၀ ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်ခဲ့သည်။

သို့သော် ဆန်ချောဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းသည် သင်္ကြန်မတိုင်မီကဈေးတန်းမှာပင် ဆက်လက်ရှိနေပြီး ဆန်ကြမ်းအမျိုးအစားများသာ ဈေးအနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သင်္ကြန်ပိတ်ရက်ကာလတွင် ဧရာဝတီတိုင်းဘက်မှ ဆန်ကုန်စည်ဒိုင်သို့ ဆန်အဝင်နည်းခဲ့ပြီး ကုန်စည်ဒိုင်အ များစုသည် သင်္ကြန်ကာလတွင် ပိတ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၁၅၀, ၀၀၀  မှ ၁၆၄,၀၀၀ ဝန်းကျင်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀ မှ ၁၄၈,၀၀၀ ဝန်းကျင်နှင့်ဆန်ကြမ်းဖြစ်သည့် ရက် ၉၀ ဆန် တစ်အိတ်လျှင် ကျပ် ၁၀၈,၀၀၀ မှ ၁၂၀,၀၀၀ ကျပ် ဝန်းကျင်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here