အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့်ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများဆောင်ရွက်

0
69

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားကူးသန်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၈) ရက်တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်သော သီလဝါဆိပ်ကမ်း (International Bulk Terminal Thilawa- IBTT) မှ ပြောင်းဖူး စေ့တန်ချိန် ၁၄,၅၀ဝ တန်နှင့် မင်းထက်မင်း ဆိပ်ကမ်း (MHM)မှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ စုစုပေါင်းတန်ချိန် ၁၇,၂၀၀ တင်ပို့ခဲ့ကြောင်း သိရသည်။

အလားတူ အေရှားဝေါဆိပ်ကမ်း (AWPT-3)မှ သင်္ဘောတစ်စီးပေါ် သို့ ရေထွက်ကုန်ပစ္စည်း၊ ဆန်၊ ပဲ၊ ပြောင်းများ သင်္ဘောတင်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။

ထို့အပြင် ဧပြီလ (၁၉) ရက်တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူး စေ့တန်ချိန် ၆,၆၀ဝ တန် နှင့် ဧပြီလ (၂၀) ရက်တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀ဝ တန် ဆက်လက်တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here