ထိုင်းထီ အမြင့်ဆုံးဘတ်(၆)သန်းဆုအား မြန်မာရွှေ့ပြောင်းလုပ်သားဇနီးမောင်နှံ ဆွတ်ခူး

0
102

ယခုလ ဧပြီ(၁၆)ရက်တွင် ဖွင့်လှစ်ပေးခဲ့သည့် ထိုင်းနိုင်ငံအစိုးရထီ၏ အမြင့်ဆုံးဆုငွေ ဘတ်(၆)သန်းဆုကို ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားဇနီးမောင်နှံက ဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာလုပ်သားအရေးဆောင်ရွက်ပေးနေသူများထံက သိရသည်။

အဆိုပါ ဆုကို ဆွတ်ခူးရရှိခဲ့သည့် ဇနီးမောင်နှံမှာ အသက် (၂၀) ကျော်အရွယ် လူငယ်ဇနီးမောင်နှံနှစ်ဦးဖြစ်ကြပြီး တနင်္သာရီတိုင်းရှိ ထားဝယ်လူမျိုးများဖြစ်ကြောင်း သိရသည်။

“သူတို့ မိသားစု မူကထ သွားစားကြတယ်။ ပိုက်ဆံ ဘတ် (၁,၀၀၀)ယူသွားတယ်လို့ပြောတယ်။ စားသောက်ပြီး ပိုက်ဆံရှင်းတော့ဘတ် (၁၀၀ ) ပဲ ကျန်တော့တာတဲ့။ ပိုက်ဆံရှင်းနေချိန် ထီရောင်းတဲ့ သူလာတော့ သားလေးက ထီထိုးမယ်ပြောလို့ ကျန်တဲ့ဘတ် (၁၀၀) နဲ့ ကံစမ်းလိုက်တာကနေ အခုလို ဘတ် (၆) သန်းဆု ကံထူးရှင်ဖြစ်ခဲ့တာပါ။ နောက်ပြီး ထိုင်းမှာ သူတို့ထီကံစမ်းတာ ဒါပထမဦးဆုံး အကြိမ်လို့ပြောတယ်။ သူတို့ အရင်က တစ်ခါမှ ထီမထိုးဖူးဘူး”ဟု မြန်မာလုပ်သားအရေးဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

၎င်းတို့ ဇနီးမောင်နှံမှာ ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီမြို့ရှိ ရေခဲစက်ရုံ၌ အလုပ်လုပ်ကိုင်နေသည်မှာ ( ၃ )နှစ်ခန့် ရှိပြီဖြစ်ပြီး သားတစ်ယောက်ရှိကြောင်း သိရသည်။

ထိုင်းထီကို အစိုးရက (၁၅)ရက်လျှင် တစ်ကြိမ် ဖွင့်လှစ်ပေးလျှက်ရှိပြီး ပထမဆုဆွတ်ခူးသူ ယခုဇနီးမောင်နှံ အပါအဝင် မြန်မာနိုင်ငံသား (၅၀)ဦးခန့်ဆွတ်ခူးရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here