ရုရှားပိုင်ဆိုင်မှုများမှ ပထမဆုံးအမြတ်အစွန်းကို ယူကရိန်းအား စစ်ရေးကူညီရန် အီးယူ စီစဉ်နေ

0
137

ယူကရိန်းနိုင်ငံအတွက် စစ်ဘက်ဆိုင်ရာအကူအညီများတွင် ရုရှားနိုင်ငံမှ သိမ်းယူထားသော ပိုင်ဆိုင်မှုများကို ပြန်လည်ရင်းနှီးမြှုပ်နှံရာမှ ရရှိသည့် အမြတ်ငွေများထဲမှ ပထမဆုံး ယူရို ၂.၅-၃ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားကြောင်း ဥရောပကော်မရှင် (EC) ဥက္ကဋ္ဌ Ursula vonder Leyen က အီးယူထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရုရှားပိုင်ဆိုင်မှုများမှအမြတ်အစွန်းများကိုအသုံးပြုခြင်းသည် နိုင်ငံတကာဥပဒေဆိုင်ရာတို့ကိုချိုးဖောက်ခြင်း ဖြစ်မဖြစ်နှင့် ဥရောပဗဟိုဘဏ် (ECB) ၏ဥက္ကဌ Christine Lagarde နှင့် သဘောတူမှုရှိမရှိမေးမြန်းရာတွင် vonder Leyen က ယခုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အဆိုပြုချက်အတိုင်း အီးယူအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံက ဆုံးဖြတ်ချက်ချပြီးပြီလို့ ထင်ပါတယ်၊ အဆိုပြုချက်အတိုင်း အကျုံးဝင်တဲ့ အမြတ်အစွန်းတွေကို အသုံးပြုဖို့ သဘောတူပြီး အခု လုပ်ဆောင်နေတဲ့အတိုင်း အရှိန်အဟုန်မပျက် ဆက်လုပ်သွားမယ်ဆိုရင်၊ အဲဒီ ဆောင်းရာသီ အမြတ်ငွေရဲ့ ပထမဆုံး ဝင်ငွေအဖြစ်၊ ပထမနှစ်အတွက် တစ်နှစ်လျှင် ယူရိုငွေ ၂.၅-၃ ဘီလီယံခန့် ရရှိနိုင်ပြီး အဲဒီငွေတွေကို ယူကရိန်းစစ်တပ် လိုအပ်နေတဲ့ ထောက်ပံ့ရေးမှာ ရင်းနှီးမြုပ်နှံနိုင်မှာဖြစ်ပါတယ်”ဟု သူက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here