လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တင်ပို့/တင်သွင်းမည့် ကုန်ပစ္စည်းများကို မြန်မာ-ထိုင်းနယ်စပ်ဂိတ်များမှ ပြောင်းလဲခွင့်ပြု

0
118

မြန်မာ – တရုတ်နှစ်နိုင်ငံ ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသည့် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တင်ပို့/တင်သွင်းမည့် ကုန်ပစ္စည်းများကို မြန်မာ – ထိုင်းနယ်စပ်ဂိတ်များမှတဆင့် ပြောင်းလဲခွင့်ပြုကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

လက်ရှိ အခြေအနေအရ မြန်မာ – တရုတ်နှစ်နိုင်ငံ ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသည့် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တင်ပို့၊တင်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှတဆင့် နယ်စပ်မှ တင်ပို့/တင်သွင်းရန်အတွက် ၂၀၂၄ ခုနှစ် ဧပြီ (၂)ရက်မတိုင်မီ ပို့ကုန်/သွင်းကုန်လိုင်စင်ခွင့်ပြုချက် ရရှိပြီးသော ကုန်ပစ္စည်းများအား ကုန်သွယ်ရေးစခန်းပြောင်းလဲခွင့်ပြုခြင်း ၊ ပင်လယ်ရေကြောင်းမှ ပြောင်းလဲခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ယာဉ်၊ ယန္တရားနှင့် နောက်တွဲယာဉ်များတင်သွင်းခြင်းများအတွက် တာချီလိတ်ကုန်သွယ်ရေးစခန်းနှင့် ပင်လယ်ရေကြောင်းတို့မှ ပြောင်းလဲခွင့်ပြုပေးထားကြောင်း သိရသည်။

အလားတူ ကျန်ကုန်ပစ္စည်းများကို စခန်းပြောင်းလဲတင်ပို့၊ တင်သွင်းလိုပါက ကျိုင်းလပ် – ဝမ်ပုံ၊ တာချီလိတ်၊ ကော့သောင်း၊ (ရန်ကုန်-ကော့သောင်း-ရနောင်း)၊ (ရနောင်း-ကော့သောင်း – ရန်ကုန်) နှင့် မြိတ်ကုန်သွယ်ရေးစခန်းတို့မှ စခန်းပြောင်းလဲခွင့်ပြုပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းကစတင်ကာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိ လွယ်ဂျယ်မြို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုရပ်တန့်နေကာ တရုတ်သို့သွားမည့်ကုန်ကားအစီးရေ (၁၀၀) နီးပါး ပိတ်မိနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here