ဟာဗားနားမြို့အခြေစိုက် အာဆီယံကော်မတီ (ACHC) ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန် လအထိ မြန်မာသံရုံးမှ တာဝန်ယူမည်

0
70

ဟာဗားနားမြို့အခြေစိုက် အာဆီယံသံရုံး(၆)ရုံးဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(AC HC) ၏ ၂၀၂၄ ခုနှစ်၊ဇန် နဝါရီလမှ ဇွန်လအထိ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မြန်မာသံရုံးမှ တာဝန်ယူထားကြောင်း သိရသည်။

ထို့ကြောင့် မြန်မာသံရုံးယာယီတာဝန်ခံ ဦးဇော်နိုင်ဝင်းမှ ဦး ဆောင်၍ ACHC ၏ သံရုံးအကြီးအကဲများ လက်ဖက်ရည်ဝိုင်းအစည်းအဝေးကို ဧပြီ (၁၆) ရက် နေ့လယ် (၂)နာရီတွင် မြန်မာသံရုံး၊ ဟာဗားနားမြို့၌ ကျင်းပခဲ့ကြောင်းလည်း သိရသည်။

ယင်းအစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး၊ လာအိုနိုင်ငံ သံအမတ်ကြီး၊ မလေးရှားနိုင်ငံ သံအမတ်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး ကိုယ်စား သံမှူးတို့ တ က်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အာဆီယံကော်မတီ၏ ဆောင်ရွက်ရန်ရှိသည့် လှုပ်ရှားမှုများ၊ အိမ်ရှင်ကျူးဘားနိုင်ငံ အစိုးရ၊ ကျူးဘားကွန်မြူနစ်ပါတီတို့နှင့် ဆက်သွယ်ဆောင်ရွက်ထားမှု အ ခြေအနေများ၊ အနာဂတ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေး‌နွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here