အောင်လံမြိုနယ်၊ ဘုရားငါးဆူအနီးတွင် ဆီဘောက်ဆာယာ ဉ်(၁)စီး လမ်းဘေးချော်ကျတိမ်းစောင်းသွားသည့်အတွက် မီးလောင်မှုမဖြစ်စေရေး အအေးပေးခြင်းလုပ်ငန်းများဆော င်ရွက်ခဲ့ရ

0
53

မကွေးတိုင်းဒေသကြီး၊ အောင်လံမြိုနယ်၊ ဇေယျဝတီရပ်ကွ က်၊ မြိုရှောင်လမ်း၊ ဘုရားငါးဆူဘုရားအနီးတွင် ဆီဘောက်ဆာယာဉ်(၁)စီး မျက်နှာချင်းဆိုင်ယာဉ်အား တိမ်းရှောင်ရာမှ လမ်းဘေးသို့ ချော်ကျကာတိမ်းစောင်းမှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဧပြီ (၁၇) ရက်၊ နံနက် (၁၀)နာရီ (၄၂)မိနစ်ကအချိန်ခန့် အခ င်းဖြစ် နေရာတွင် ဆီဘောက်ဆာယာဉ်(၁)စီး လမ်းဘေးသို့ ချော်ကျတိမ်းစောင်းမှုဖြစ်ပွားကြောင်း သတင်းအရ အောင်လံမြိုနယ် မီးသတ်စခန်း၊ အောင်လံမြိုနယ်အရန်မီးသတ်စ ခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များနှင့် အရန်မီးသတ်တပ်ဖွဲဝင်များမှ သွားရောက်ကူညီခဲ့ကြော င်း သိရသည်။

အဆိုပါ ဆီဘောက်ဆာယာဉ် ချော်ကျတိမ်းစောင်းမှုကြောင့် မီးလောင်မှု မဖြစ်ပွားစေရေးအတွက် အအေးပေးခြင်း လုပ် ငန်းများ ဆောင်ရွက်ခဲ့ရာ နေ့လယ် (၂)နာရီ (၁၀)မိနစ်အချိန်တွင် လုပ်ငန်းအားလုံး ပြီးစီးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here