ဟတ်ယိုင်တွင်  မြန်မာအမျိုးသားတစ်ဦးက သူ၏ချစ်သူ ဘယ်လ်ဂျမ်သားကိုသဝန်​ကြောင်၍ တူဖြင့်ထုရာမှ လက်လွန်သွား

0
137

ထိုင်းနိုင်ငံ၊ဟတ်ယိုင်၊ ဆုန်ခလာတွင်အသက် ၃၂ ​​နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးက၎င်း၏ ပတ်နာ ဘယ်လ်ဂျမ် သားကို သဝန်တိုစိတ်​ကြောင့်တူရိုက်မှုဖြစ်ပွားပြီးနောက် အဖမ်းခံခဲ့ရသည်။

 ၎င်းတို့ နှစ်ဦး​အတူနေထိုင်ရာတိုက်ခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၅၆ နှစ်အရွယ် ဘယ်လ်ဂျမ် အမျိုးသားမှာ ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာရရှိကာ တိုက်ခန်းတခုလုံး သွေးများဖြင့်မြင်မ​ကောင်းကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ နယ်မြေခံရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ သဘယ်လ်ဂျမ်သား မှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေခဲ့ပြီး တူ ကိုင်ဆောင်ထားသည့် ကျော်ဇင်ထိုက်ကို ဖမ်းဆီးခဲ့သည်။

​ကျော်ဇင်ထိုက်အားဖမ်းဆီးပြီး ဟတ်ယိုင်ရဲစခန်းသို့ ခေါ်ဆောင်လာပြီးနောက် စစ်​ဆေးရာတွင် ၎င်း၏အဖော်ဖြစ်သူနှင့်စကားအ​ချေတင်များပြီးနောက် တူဖြင့် ထုမိခဲ့ကြောင်း ဝန်ခံခဲ့သည်။

​ကျော်ဇင်ထိုက်သည်  လွန်ခဲ့သည့် သုံးရက်ခန့်က မူးယစ်ဆေးဝါးသုံးစွဲခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။

ထို့ကြောင့် ရဲစခန်းက ၎င်းအား လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှု၊ မူးယစ်ဆေးဝါး လက်ဝယ် ​ေတွ့ရှိမှုတို့ဖြင့် ကနဦး စွဲချက်တင်ခဲ့သည်။

၎င်း၏ ဘယ်လ်ဂျီယံ ပါတနာကို အခြားသူနှင့်တွေ့မည်ကို သဝန်တိုမှု၏ ရလဒ်ဖြစ်​ကြောင်း​ကျော်ဇင်ထိုက်က မီဒီယာများကို ရှင်းပြခဲ့သည်။  ၎င်း၏ လုပ်ရပ်အတွက် နောင်တရကြောင်း နှင့် ၎င်း၏ ချစ်သူအပေါ် ချစ်​နေဆဲဖြစ်ပြီး တောင်းပန်လိုကြောင်း ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးသည် ထိုင်းအရှေ့ဘက်ကမ်းရိုးတန်းရှိ ခိုစ​မွေတွင် စတင်တွေ့ဆုံခဲ့ကြပြီး နောက်ပိုင်းတွင် ဟတ်ယိုင်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ၎င်းတို့စုံတွဲသည် လက်ရှိနေထိုင်ရာမြို့၌ ထိုင်းရိုးရာနှစ်သစ်ကူးပွဲတော်ကိုဆင်နွဲပြီးပါက ဖူးခက်သို့သွားရန်စီစဥ်ထားခြင်းဖြစ်သည်ဟုသိရသည်။

Ref:thethaiger


LEAVE A REPLY

Please enter your comment!
Please enter your name here