အင်ဒို၌ မြေပြို၊ ၁၉ ဦးသေ ၂ ဦးပျောက်ဆုံး

0
90

ဂျကာတာ၊ဧပြီ ၁၄

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း၌ မြေပြိုမှုကြောင့် သေဆုံးသူ ၁၉ ဦးအထိရှိလာကာ ၂ ဦးပျောက်ဆုံးနေသေးကြောင်း သက်ဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။

“လောလောဆယ်တော့ ကျွန်တော်တို့သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေပါသေးတယ်” ဟု တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပြီး ပျောက်ဆုံးနေသူ ၂ ဦးရှိကာ ၎င်းတို့သည် မြေပြိုမှုကြောင့် အပျက်အစီးပုံများအောက် ပိတ်မိနေခြင်းမျိုးလည်းဖြစ်နိုင်သည်ဟုဆိုသည်။

တန်နာတိုရာဂျာ  ဒေသနှင့် ၎င်း၏အနီးတစ်ဝိုက်သည် ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်းက မိုးသည်းထန်စွာရွာသွန်းသည့်ဒဏ်အားခံခဲ့ရခြင်းကြောင့် ယခုကဲ့သို့မြေပြိုရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် မိုးရာသီတွင် မြေပြိုမှုအဖြစ်များသောနိုင်ငံတစ်ခုဖြစ်ပြီး အချို့နေရာများတွင် သစ်တောပြုန်းတီးမှုများကြောင့် ပိုမိုဆိုးရွားလာကာ အချိန်ကြာမြင့်စွာ မိုးသည်းထန်စွာရွာသွန်းမှုများကလည်း အချို့ဒေသများတွင် ရေကြီးရေလျှံမှုကိုဖြစ်ပေါ်စေခဲ့သည်။

ပြီးခဲ့သည့်လကလည်း ရေကြီးခြင်းနှင့်မြေပြိုခြင်း များကြောင့် စူမားတြားကျွန်း၌ လူပေါင်း ၃၀ ဦးသေဆုံးကာ ဆယ်နှင့်ချီ၍ လူများ ပျောက်ဆုံးနေသေးသည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/ဇက်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here