က​မ္ဘောဒီးယားသင်္ကြန်တွင် ခရီးသွားများကဟိုတယ်ဘွတ်ကင် ၈၀ ရာခိုင်နှုန်းခန့် ကြိုတင်စာရင်းပေးထား

0
73

ဧပြီလ ၁၂ ရက်နေ့အထိ စီယမ်ရစ်ပ် Siem Reap ရှိ တည်းခိုခန်းနှင့် ဟိုတယ် ၇၀ မှ ၈၀ ရာခိုင်နှုန်းခန့်ကို ကြိုတင်စာရင်း​ပေးဘွတ်ကင်ထားပြီးဖြစ်သည်။

Siem Reap ပြည်နယ် ခရီးသွားလာရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူး Thim Sereyvudh က ယခုနှစ် ခမာနှစ်သစ်ကူးပွဲတော်ကာလအတွင်း ခရီးသွားများ ပိုမိုလာရောက်ရန် မျှော်လင့်ထားကြောင်း  သိရသည်။

ခမာနှစ်သစ်ကူးပွဲတော်ကို ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ကြိုဆိုရန်အတွက် Siem Reap Sankranta မှ စီစဉ်ပေးထားကြောင်း သိရသည်။

Siem Reap Sankranta သည် ပွဲတော်ကို ပျော်ပျော်ပါးပါး ဆင်နွှဲနိုင်ရုံသာမက ခမာယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းနိုင်စေရန်   အခွင့်အလမ်းများ ဖြစ်သည်။

ပွဲ​တော်သည် ကမ္ဘောဒီးယား ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ကမ္ဘာသို့ ပြသရာတွင်လည်း အထောက်အကူပြုကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုနှစ်တွင် Siem Reap Sankranta တွင် ခမာရိုးရာကစားနည်းများ၊ လှေလှော်ခြင်း၊ ပြပွဲ၊ ယဉ်ကျေးမှုအမွေအနှစ်ကျေးရွာ၊ ခမာစွန်လွှတ်ခြင်း၊ ဖျော်ဖြေပွဲနှင့် အခြားဖျော်ဖြေရေးအစီအစဉ်များ ပါဝင်သည်။

Ref:khmertimeskh


LEAVE A REPLY

Please enter your comment!
Please enter your name here