အစ္စရေး၏အပစ်အခတ်ရပ်စဲရေးအဆိုပြုချက် ဟားမတ်စ်ပယ်ချ၊ ၄င်းတို့၏ အဓိက တောင်းဆိုချက်များကို ဖက်တွယ်ထား

0
97

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟားမတ်စ်သည် အစ္စရေး၏ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်အား ကန့်ကွက်ပယ်ချခဲ့ပြီး ၎င်းတို့က အဓိက တောင်းဆိုသည့်အချက်များကိုသာ ဖက်တွယ်နေခဲ့ကြောင်းသိရသည်။

၎င်း၏တောင်းဆိုချက်များတွင် “အမြဲတမ်းအပစ်အခတ်ရပ်စဲရေး၊ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးမှ သိမ်းပိုက်ထားသော အစ္စရေးတပ်မတော်များ ဆုတ်ခွာရေး၊နေရပ်စွန့်ခွာသွားရသူများ နေရပ်ပြန်နိုင်ရေး၊  ကယ်ဆယ်ရေးနှင့်အကူအညီများ အင်တိုက်အားတိုက်ဝင်‌ရောက်လာရေးများအပြင် ပြန်လည်တည်ဆောက်ရေး” စသည့် အချက်များပါဝင်ကြောင်းသိရသည်။

အစ္စရေးအနေဖြင့်လည်း ဟားမတ်စ်တို့ထိန်းချုပ်ထားသည့် ဓါးစာခံများအားလုံးလွတ်မြောက်ရေးကို ကြိုးပမ်းလျက်ရှိ‌သော်လည်း ဟားမတ်စ်အဖွဲ့အား အပြီးသတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းဆိုခဲ့သည်။

အလားတူပင် အရပ်သားတစ်သန်းကျော် ခိုလှုံနေရသည့် ဂါဇာတောင်ပိုင်းရှိရာဖာမြို့ကိုလည်း ချေမှုန်းရန် စီစဉ်နေသေးသည်ဟုပါအစ္စ‌ရေးကဆိုခဲ့သည်။ထိန်းသိမ်းခံထားရဆဲ ပါလက်စတိုင်းရာပေါင်းများစွာကို အစ္စရေးကပြန်ပေးရန်အတွက် ဂါဇာ၌ ထိန်းသိမ်းခံထားရသည်ဟုယူဆရသည့် ဓါးစာခံ ၁၃၃ ဦးကို ပြန်လွှတ်ပေးမည့် လဲလှယ်ရေးသဘောတူညီချက်ကို အပြီးသတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဟားမတ်စ်ကပြောကြားခဲ့သည်။

သို့သော် ဟားမတ်စ်၏ အဆိုပါတုန့်ပြန်မှုအပေါ် အစ္စရေးက တရားဝင်မှတ်ချက်ပြု ပြောကြားခြင်းမရှိခဲ့ပေ။ဟားမတ်စ်၏ ယခုထုတ်ပြန်ချက်သည် အဖွဲ့၏ အကြီးအကဲ အီစမိုင် ဟာနီယေး  ၏ မိသားစုဝင်များကို ဂါဇာ၌ အစ္စရေးကသတ်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ယခုပြဿနာကြောင့် ဓါးစာခံများ၏မိသားစုများအကြား ၎င်းတို့မိသားစုဝင်များ ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းမှုအတွက် အဟန့်အတားဖြစ်သွားစေမည်ကိုလည်းစိုးရိမ်မှုများမြင့်တက်လာခဲ့သည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here