AFC Futsal Asian Cup 2024 Thailand ပြိုင်ပွဲတွင် မြန်မာအ သင်းနှင့် ဗီယက်နမ်အသင်းတို့ ပွဲဦးထွက် ယှဉ်ပြိုင် ကစားမည်

0
143

ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် AFC Futsal Asian Cup 2024 Thailand ပြိုင်ပွဲကို ယခု ဧပြီလ (၁၇) ရက်တွင် စတင်မည်ဖြစ်ရာ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ပွဲဦးထွက် ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်သည်။

မြန်မာအသင်းအနေဖြင့် ဧပြီ(၁၇)ရက် မြန်မာစံတော်ချိန်မွန်း လွဲ (၁)နာရီခွဲအချိန်၌ ဗီယက်နမ်အသင်းဖြင့်လည်း ကောင်း၊ ဧပြီ(၁၉)ရက် ညနေ (၅)နာရီခွဲအချိန်၌ အိမ်ရှင် ထိုင်းအသင်းဖြင့်လည်းကောင်း၊ ဧပြီ(၂၁)ရက် ညနေ (၅)နာရီခွဲအချိန်၌ တရုတ်အသင်းတို့ဖြင့်လည်းကောင်း တစ်ရက်ခြား ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်များ မစတင်မီ မြန်မာအသင်းအနေဖြင့် ဧပြီလအတွင်း ထိုင်းနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကာ ကူဝိတ်၊ ကာဂျစ်စတန်အသင်းများနှင့်လည်း လေ့ကျင့်ရေးခြေစမ်းပွဲ ထပ်မံယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းအနေဖြင့် မတ်လ (၃၀) ရက်နှင့် (၃၁) ရက်တို့တွင် အာဖဂန်နစ္စတန် အသင်းနှင့် ခြေစမ်းပွဲကစားကြရာ ပထမကျော့တွင် (၆)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ဒုတိယအကျော့ ပွဲစဉ်တွင် (၄)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် AFC Futsal Asian Cup 2024 Thailand ပြိုင်ပွဲ ပွဲစဉ်များကို အာရှဘောလုံးအဖွဲ့ချုပ်ထံမှ ရုပ်သံပြသခွင့် ဝယ်ယူထားသည့် Canal Plus မှ တိုက်ရိုက်ပြသသွားမည်ဟု ကနဦး သိရသည်။

ဓာတ်ပုံ-MFF


LEAVE A REPLY

Please enter your comment!
Please enter your name here