တရုတ်နှင့်ကန်သမ္မတ တို့ ဖုန်းဖြင့်ထပ်မံဆွေးနွေး

0
104

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် အင်္ဂါနေ့က တယ်လီဖုန်းဖြင့်ဆွေးနွေးခဲ့ကြပြီး ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အပြုသဘောဆွေးနွေးခဲ့သည်ဟုသိရသည်။

“ခေါင်းဆောင်နှစ်ဦးသည် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များနှင့် အခြားသောနယ်ပယ်များအပါအဝင် နှစ်နိုင်ငံဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များ ကို ပွင့်ပွင့် လင်း လင်း နှင် ့ အပြုသဘော ဆွေးနွေးခဲ့ ကြသည်” ဟု အိမ်ဖြူတော်၏ ကြေငြာချက်တွင်ပြောကြားခဲ့သည်။

တရုတ်သမ္မတရှီက ယခုနှစ်အတွက် နှစ်နိုင်ငံလုံးခိုက်ရန်မဖြစ်၊ထိပ်တိုက်ရင်ဆိုင်မှုမရှိသည့်အခြေခံမူကိုချမှတ်သင့်ကြောင်းသမ္မတဘိုင်ဒင်အားပြောကြားခဲ့ပြီး တည်ငြိမ်ရေးကိုဦးစားပေးသင့်ကာ ပြဿနာများမဖြစ်ဘဲ တရုတ် – အမေရိကန် ဆက်ဆံရေး၏အလုံးစုံတည်ငြိမ်မှုကို ထိန်းသိမ်းထားသင့်သည်ဟုလည်းပြောကြားခဲ့သည်။

အလားတူပင် သမ္မတဘိုင်ဒင်ကလည်း ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအားထိန်းသိမ်းရန်နှင့် တောင်တရုတ်ပင်လယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်စွာရေကြောင်းသွားလာခွင့်သည် အရေးကြီးကြောင်း ကိုပါအလေးပေးပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်၊အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားအပါအဝင် ပစိဖိတ်ဒေသရှိ အဓိကကျသောနေရာများတွင် အင်အားကြီးအမေရိကန်နှင့်တရုတ်တို့ ၏ တင်းမာမှုများလည်းအချိန်မရွေးတိုးမြင့်လာနိုင်သည့်အနေအထားဖြစ်သည်။  

အမေရိက နှင့်တရုတ်အကြား ထိုင်ဝမ်အရေးအပါအဝင် နည်းပညာဆိုင်ရာကိစ္စရပ်များကြောင့်လည်း မကျေလည်မှုများရှိနေပြီး အထူးသဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကိစ္စသည် နှစ်နိုင်ငံကြား အလွန်ထိရှလွယ်သည့်ကိစ္စလည်းဖြစ်နေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့ဖူးကြောင်းသိရသည်။

Source : အယ်လ်ဂျာဇီးရာ


LEAVE A REPLY

Please enter your comment!
Please enter your name here