ဦးဝိစာရ လမ်းမပေါ် ပြည်သူ့ရင်ပြင်ရှေ့တွင် ယာဉ်မတော် တဆမှုဖြစ်ပွားပြီး ယာဉ်မောင်း အမျိုးသား (စိုးရိမ်ရ) ထိခို က်ဒဏ်ရာများရ

0
274

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်သူ့ဥယျဥ်ရှေ့တွင် ယာဉ်တစ်စီး မတော်တဆ ဖြစ်ကာ လမ်းဘေး ပလက်ဖော င်းကို ဝင်တိုက်မိပြီး ယာဉ်မောင်း အမျိုးသားမှာ (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့ ဧပြီ (၃)ရက်၊ နေ့လယ် (၁)နာရီခွဲအချိန်က ဒဂုံမြို့နယ်၊ ဦးဝိစာရ လမ်းမပေါ် ပြည်သူ့ဥယျဉ် ရှေ့တွင် ယာဉ်မတော် တဆဖြစ်ပြီး ဒဏ်ရာပြင်းထန်ကြောင်း သတင်းရသည့်အတွ က် စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ဟိုဘက်လမ်းကြောကနေ ပြိုင်မောင်းလာတဲ့ ကားကို ရှောင်ရင်း ဒီဘက်ကြောကို ရောက်ပြီး တိုက်မိတာ။ ကားမောင်းသူ ဒဏ်ရာရတာလို့ အကြမ်းဖျင်း သိရပါတယ်”ဟု စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့က ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သည့် လူနာ (အနီရောင်အဆင့်)ကို လိုအပ်သည်များပြုစု၍ ရန်ကုန်ဆေး ရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here