လိုအပ်သူများထံ အကူအညီများ ရောက်ရှိရေး ကုလသမဂ္ဂ အေဂျင်စီများနှင့် အပြည့်အဝ ပူးပေါင်းရန် နိုင်ငံ​တော်က အသင့်ရှိဟုဆို

0
71

ဧပြီ (၂)ရက်၊ နေ့လယ် (၂)နာရီက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိ နှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များအား တွေ့ဆုံစဥ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး ဦးသန်းဆွေက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုများနှင့် ပတ်သက်၍ များစွာ အလေးထားကြောင်းနှင့် ကုလသမဂ္ဂ အေဂျင်စီများနှင့် အပြ ည့်အဝ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြည်ထောင်စုဝန် ကြီး ဦးသန်းဆွေက ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန် ကြီးနှင့် အဆင့်မြင့် အရာရှိကြီးများ၊ ကုလသမဂ္ဂယာယီ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here