ကြို့ကုန်းမီးပွိုင့်အနီးတွင် လိုက်ထရပ်နှင့် အငှားယာဉ် တိုက်မိပြီး အမျိုးသမီး နှစ်ဦးစိုးရိမ်ရ ဒဏ်ရာများရရှိ

0
148

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ကြို့ကုန်း(မီးပွိုင့်)အနီးတွင် လိုက်ထရပ်ယာဉ် နှင့် အငှားယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ တိုက်မိမှုဖြစ်ပွားခဲ့ပြီး လိုက်ထရပ်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီးများအန က် နှစ်ဦးမှာ စိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ဧပြီ (၂)ရက်၊ ည (၉)နာရီ မိနစ်(၄၀)အချိန်ခန့်က ကြို့ကုန်းမီးပွိုင့်အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း ကြားသိရသဖြင့် တွဲလက်လူမှုကူညီရေးအဖွဲ့မှ လူနာတင်ယာဉ် (၂)စီးဖြင့် အခင်းဖြစ်ပွားရာသို့ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“လိုက်ထရပ်က မုန့်ပို့တဲ့ ကားထင်တယ်။ ကားပေါ်မှာ ကိတ်မုန့်တွေပါတယ်။ အမျိုးသမီး ၄/၅ ဦးလောက် ပါတယ်။ (၂) ဦးက စိုးရိမ်ရတယ်။ အသက် (၂၃) နှစ်အရွယ် အမျိုးသမီးက ပိုစိုးရိမ်ရတယ်ဗျ။ တက္ကဆီက အရှိန်မထိန်းနိုင်ဘဲ လိုက်ထရပ်ရဲ့ ယာဉ်နောက်ပိုင်းကို ဝင်တိုက်မိတာ ကားက တစ်ပတ်လည်ထွက်သွားတာ။ ယာဉ်မောင်းတွေတော့ မထိခိုက်ဘူး” ဟု တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုသ ည်။

အခင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် (၂၃)နှစ် အ ရွယ် အမျိုးသမီး(စိုးရိမ်ရ)ကို မြတ်ကုသိုလ်လူမှုကူညီရေးအသင်းကားဖြင့် လည်းကောင်း၊ အသက်(၄၀)နှစ် အရွယ် အမျိုးသမီးကို တွဲလက်လူမှုကူညီရေး အဖွဲ့ကားဖြင့်လည်း ကောင်း အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here