ယူကရိန်းကို ရုရှားဆန့်ကျင်ရေးနယ်မြေအဖြစ် အမေရိကန် လိုအပ်နေ

0
117

ယူကရိန်းနိုင်ငံကို စစ်မဲ့နယ်မြေအဖြစ်နှင့် ရုရှားဆန့်ကျင်ရေးနယ်မြေအဖြစ် ဖြစ်လာစေရန် အမေရိကန်နှင့် နေတိုးတို့က ရှုမြင်ထားကြောင်း ရုရှလုံခြုံရေးကောင်စီအတွင်းရေးမှုး Nikolay Patrushev က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

“အမေရိကန်နှင့် နေတိုးတို့က ယူကရိန်း၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အနည်းဆုံး ၎င်းတို့ ထိန်းချုပ်ထားသည့်နယ်မြေများအား မြောက်အတ္တလန္တိတ် အစုအဖွဲ့၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးရန် အာရုံစိုက်သည့် ရုရှားဆန့်ကျင်ရေး နယ်မြေအဖြစ် ထိန်းသိမ်းထားရန် စီစဉ်ပြီးဖြစ်သည်” ဟု Patrushev က ပြောကြားခဲ့သည်။

နေတိုး သည် ပိုမိုမြင့်မားသော နည်းပညာနှင့် တာဝေးပစ်စွမ်းရည်များဖြင့် လက်နက်အသစ်များပေးပို့ခြင်းအတွက် စုပေါင်းဆုံးဖြတ်ချက်များချမှတ်ပြီး ရုရှားဆန့်ကျင်ရေးစစ်ဆင်ရေးများအတွက် ကြေးစားများနှင့် အဖျက်သမားများကို လေ့ကျင့်ပေးနေကြောင်း ရုရှလုံခြုံရေးကောင်စီအတွင်းရေးမှုးက ထောက်ပြသည်။

နေတိုးသည် ၁၉၉၅ ခုနှစ်ကတည်းက ယူကရိန်းမြေပေါ်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး၊ ယူကရိန်းအစိုးရကလည်း ၂၀၀၄ ခုနှစ်မှ စတင်ကာ နေတိုးစစ်မဟာမိတ်အဖွဲ့အား ၎င်း၏ပိုင်နက်အတွင်း လွတ်လပ်စွာ ဝင်ရောက်ခွင့် ပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here