သက်​တော် ၆၉နှစ်ရှိလာပြီဖြစ်သည့်သီရိဒုံ

0
239

ထိုင်း တော်ဝင် မင်းသမီး မဟာချက်ကရီသီရိဒုံက သူမ၏ ၆၉ နှစ်​မြောက်​မွေး​နေ့တွင် ဇီဝိတဒါန ငါးလွှတ် ကုသိုလ် ပြုခဲ့သည်။

ငါးလုပ်ငန်းဦးစီးဌာနမှ ထိုင်းငါးမျိုးစိတ် ၁၁ မျိုး စုစုပေါင်းငါး ၅၉၀,၀၀၀ ကို ဇီဝိတဒါနပြုရန်စီစဥ်ပေးခဲ့သည်။

ထိုင်းဘုရင်ဘူမိဘောနှင့် မိဖုရားသီရိ​ခေတ်တို့၏တတိယမြောက် ရင်​သွေး သီရိဒုံကို ၁၉၅၅ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ဒူဆစ်နန်း​တော်၌ မွေးဖွားခဲ့သည်။

ဝိဇ္ဇာဘွဲ့ဖြင့်​ဘွဲ့ရပြီး​နောက် ဘွဲ့လွန်ကိုသက္ကတဘာသာဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သူဖြစ် ရှေးဟောင်း သုတေသနပညာကိုစိတ်ဝင်တစား​လေ့လာသူဖြစ်သည်။ပညာ​ရေးဆိုင်ရာ Ph.D. ရရှိထားပြီး တရုတ်နိုင်ငံရှိ ပီကင်းတက္ကသိုလ်တွင် တရုတ်ယဉ်ကျေးမှုဆိုင်ရာ သင်တန်းကို တစ်လကြာ တက်​ရောက်လေ့လာခဲ့သူဖြစ်သည်။

မင်းသမီးသည် ယခင်က ပဲခူးမြို့သို့ လာ​လေ့ရှိပြီး မဟာ​စေတီ ကို အ​ရောက်သွား​လေ့ရှိသူဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here