၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် သွင်းအားစုများ ပံ့ပိုးဆောင် ရွက်နိုင်ခဲ့ခြင်းကြောင့် ပဲတီစိမ်းအထွက်နှုန်းတိုးလာ

0
134

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှုစီမံကိန်းတွင် တောင်သူများလိုအပ်သည့် သွင်းအားစုများ ပံ့ပိုးဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အထွက်နှုန်းများ တိုးတက်လာကြောင်းသမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

၂၀၂၃ -၂၀၂၄ ခုနှစ် ပဲတီစိမ်း၊ နွေစပါး၊ မိုးစပါးစီမံကိန်း ဆောင်ရွက်ခဲ့မှု အခြေအနေများအပေါ် အားသာချက်၊ အား နည်းချက်များကို သုံးသပ်အဖြေရှာခြင်းနှင့် ဆောင်ရွက်ဆဲဖြစ်သည့် ဆောင်းသီးနှံ၊ နွေစပါးစီမံကိန်းလုပ်ငန်းနှင့်ဆောင် ရွက်ဆဲဖြစ်သည့် ဝါသီးနှံနှင့် မိုးစပါးစီမံကိန်းလုပ်ငန်းများအပေါ် ကြိုတင်စီမံဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု စီမံကိန်းတွင် တောင်သူများလိုအပ်သည့် သွင်းအားစုများ ပံ့ပိုးဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အထွက်နှုန်းများလည်း တိုးတက်လာသ ည်ကို တွေ့ရှိရပြီး နွေစပါးစိုက်ပျိုးထုတ်လုပ်မှု စီမံကိန်းတွင်လည်း တောင်သူများလိုအပ်သည့် သွင်းအားစုများ ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် နွေစပါးထွက်ရှိမှုအနေ ဖြင့် ယခင်နှစ်ထက် တစ်ဧကအထွက်နှုန်း ပိုမိုထွက်ရှိကြသည်ကို တွေ့ရှိရကြောင်းလည်း သိရသည်။

ထို့အပြင် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုစီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့်အတွက် အတွေ့အကြုံများရရှိပြီးဖြစ်ပြီး အချို့မှာ ပန်းတိုင်အထွက်နှုန်း ပြည့်မီသော်လည်း အချို့မှာ အထွက်နှုန်းလျော့နည်းမှုများရှိသည်ကို တွေ့ရှိရသည့်အတွက် အကြောင်းရင်းများကို အဖြေရှာရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဆောင်ရွက်ဆဲဖြစ်သည့် နေကြာ၊ နှမ်း၊ မြေပဲ၊ ဆောင်းဆီထွ က်သီးနှံ စိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းနှင့် နွေစပါးစိုက် ပျိုးထုတ်လုပ်ရေး စီမံကိန်းတို့ကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှရယူပြီး သွင်းအားစုများ ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အထူးသဖြင့် နေကြာကို စနစ်တကျဖြင့် စိုက် ပျိုးနိုင်ရေး အထွက်နှုန်းတိုးမျိုးကို စိုက်ပျိုးပြီး အမှန်တကယ် လုပ်ဆောင်ပါက အထွက်နှုန်းများ ပိုမိုထွက်ရှိနေကြော င်း သိရသည်။

ယင်းအပြင် ဝါစိုက်ပျိုးရန် လိုအပ်သည့်ပံ့ပိုးငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် စီမံကိန်းကို အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ဝါစိုက်ပျိုးနိုင်ရေးအတွက် အထွက်နှုန်းတိုးသည့် ဝါမျိုးစေ့များ အချိန်မီပံ့ပိုးပေးနိုင်ရေး၊ အထွက်နှုန်းတိုးသည့် ဝါမျိုးရရှိနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် သွင်းအားစုများကို အသင်းအဖွဲ့များမှ တိုက်ရိုက်ပေးပို့နိုင်ရေး လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here