ဗန်းမော် – မြစ်ကြီးနား လမ်းပိုင်း ယာဉ်စီးခဈေးနှုန်းများမြင့်တက်လာ၍ ဒေသတွင်းခရီးသွားများ အခက်တွေ့နေဟုဆို

0
308

ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော် – မြစ်ကြီးနား လမ်းပိုင်းတွင် ယာဉ်စီးခဈေးနှုန်းများ မြင့်တက်နေ၍ ဒေသတွင်းခရီးသွားများ အခက်‌တွေ့နေရကြောင်း ဒေသခံများထံက သိရသည်။

ယခင်က ဗန်းမော် – မြစ်ကြီးနား ယာဉ်စီးခနှုန်းမှာကျပ် (၂၀,၀၀၀) ဝန်းကျင်သာရှိခဲ့သော်လည်း ယခုအခါ ကျပ် (၈၀,၀၀၀) ခန့်အထိ ပေးဝယ်နေရပြီး လမ်းပိုင်းအခြေအနေကြောင့် နေ့ချင်းရောက်ရမည့်အစား လမ်းပိုင်းအတွင်း ညအိပ်ရပ်နားနေရကြောင်းလည်း သိရသည်။

“ယာဉ်စီးခတက်လာတာက အရင်ထက်နှစ်ဆလောက်မြင့်လာတာပေါ့။ စက်သုံးဆီကြောင့်လား တိုက်ပွဲကြောင့်လားဆိုတာကတော့ အကုန်လုံးပေါ့ဗျာ။ တစ်ရက်ခရီးကို ညအိပ်ရတော့ နှစ်ရက်ခရီးဖြစ်သွားတာပေါ့။ လမ်းခရီးစရိတ်က ပိုကုန်တာပေါ့”ဟု ဒေသခံက ဆိုသည်။

လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့် ဒေသတွင်းခရီး သွားလာသူများအနေဖြင့် ကားစင်းလုံးပြတ် ငှားမည်ဆိုပါက (၁၅)သိန်း၊ ရန်ကုန်၊ မန္တလေး ကျပ် (၁)သိန်းခွဲ၊ ဗန်းမော် – မြစ်ကြီးနား (၈၀၀၀၀) ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လျက်ရှိ‌ကြောင်း သိရသည်။

တပ်မတော်နှင့် ဒေသတွင်း လက်နက်ကိုင်ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် ရွှေ့ပြောင်းလာရောက် လုပ်ကိုင်စားသောက်သူ အချို့ နေရပ်ပြန်ခြင်းများလည်းရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here