Friday, July 11, 2025

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက်...

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု...

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...
HomeNewsLocal Newsအိန္ဒိယနိုင်ငံ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ...

အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဓမ္မသဘင်အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်

အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ရှ်ပြည်နယ်၊ သာဝတ္ထိ၌ ကျင်းပသည့် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ဓမ္မသဘင်တရားပွဲနှင့် လှည့်လည်အပူဇော်ခံပွဲ အခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ သိရသည်။

ထို အခမ်းအနားကို အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ရှ်ပြည်နယ်၊ သာဝတ္ထိ၌ Lord Buddha Welfare Foundation Bharat က ဦးစီး၍ မတ်လ (၃၀) ရက်နှင့် (၃၁) ရက်နေ့များ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ် သည်။

သံအမတ်ကြီးမှ မတ်လ (၃၀) ရက်၊ ညနေပိုင်းတွင် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ ကျင်းပသည့် ဆီမီးပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဗုဒ္ဓခရီးသွားလာရေး၊ ပညာရေးစင်တာနှင့် ပေ (၈၀) အမြင့်ရှိသော အသောကကျောက်တိုင် ပုံတူတည်ဆောက်မည့် Dhamma Sthali ကျေးရွာသို့ သွားရောက်၍ အသံမစဲ မဟာ
ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဆီမီးထွန်းညှိဖွင့်လှစ်ပေးခဲ့ပြီး ဆရာတော်၊ သံဃာတော်များ ဟောကြားတော်မူသော တရားတော်များကို နာယူခဲ့သည်။

ထို့နောက် မတ်လ (၃၁)ရက်၊ နံနက်ပိုင်းတွင် ဇေတဝန်ကျောင်းတော်၌ သိဒ္ဓိတင်ထားသည့် နီပေါ၊ သီရိလင်္ကာ၊ ဗုဒ္ဓဂါယာနှင့် ကုသိနာရုံတို့မှ ပင့်ဆောင်ထားသော မဟာဗောဓိညောင်ပင်များနှင့် လုမ္ပနီအင်ကြင်း ပင်များကို ဆရာတော်၊ သံဃာ တော်၊ ဘိက္ခူနီများနှင့် အတူ သွားရောက်ပင့်ဆောင်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ပင့်ဆောင်၍ အခမ်းအနားကျင်းပမည့် Dhamma Sthali ကျေးရွာသို့ လှည့်လည် အပူဇော်ခံပြီးနောက် အသောကကျောက်တိုင်ပုံတူ တည်ဆောက်မည့်နေရာ ပတ်လည်တွင် မဟာဗောဓိညောင်ပင်များနှင့် လုမ္ပနီအင်ကြင်းပင်များကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အခမ်းအနား၌  သီရိလာင်္ကာနိုင်ငံမှ ကြွချီလာသော သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် Ven. Pallengama Hemar athana Nayaka Thero နှင့် ဆရာတော်ကြီးများက ဗောဓိညောင်ပင် စိုက်ပျိုးခြင်းအကျိုးကျေးဇူးများနှင့်  တရားတော်များကို ဟောကြားမှုကို နာယူခဲ့ကြကြောင်း သိရသည်။

ယင်းနောက် သံအမတ်ကြီးက အမှာစကားပြောကြားရာတွင် ပိဋကတ်သုံးပုံ ရွက်ဖတ်ပူဇော်ခြင်း၏ အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံတွင် ဗုဒ္ဓစာပေနှင့်ရွက်ဖတ်ပူဇော်မှု အလေ့အထများ၊ မြန်မာနိုင်ငံတွင် တိပိဋကဓရရွေးချယ်‌ရေးစာမေးပွဲများ ကျင်းပပြုလုပ်နေမှု အခြေအနေနှင့် ပိဋကတ်တော်များကို နှုတ်ဖြင့် အလွတ်ရအာဂုံဆောင်နိုင်ပြီး သဘောတရားများကိုလည်း နားလည်သိမြင် ကျွမ်းကျင်နှံ့စပ်ကြသည့် သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ ပေါ်ထွက်လာမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ သီရိလင်္ကာနိုင်ငံမှ ဆရာတော်ကြီးများ၊ အိန္ဒိယနိုင်ငံမှဆရာတော်၊ သံဃာတော်များ၊ အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေထိုင်ကြသော မြန်မာနိုင်ငံမှ ဆရာတော်များအပါဝင် ထိုင်း၊ နီပေါ၊ ဗီယက်နမ်၊ တိဗက်နှင့် တောင်အာဖရိကနိုင်ငံတို့မှ ဆရာတော်၊ သံဃာတော်၊ ဘိက္ခုနီများ စုစုပေါ င်း ၁၅၀ ပါး ခန့် ပါဝင်တက်ရောက်ခဲ့ပြီး တိဗက်လေ့လာရေးဗဟိုဌာန (Central Institute of Higher Tibetan Stu dies) မှ ကျောင်းသား၊ ကျောင်းသူများကလည်း တိဗက်ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက် တာဝန်လွှဲပြောင်းပွဲနှင့် အာဆီယံ-ဗီယင်နာကော်မတီ၏ (၅၃)ကြိမ်မြောက်အစည်းအဝေးတို့အား ဇူလိုင် ၈ ရက်က ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ကျင်းပရာ ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ကော်မတီ၏လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌတာဝန်အား တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာသွားသည့် လာအိုသံအမတ်ကြီး(ကိုယ်စား)လာအိုသံရုံးယာယီတာဝန်ခံက မြန်မာသံအမတ်ကြီးထံလွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုသို့ လွှဲပြောင်းလက်ခံပြီးနောက် အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌသစ် မြန်မာသံအမတ်ကြီးက လာမည့်(၆)လတာကာလအတွင်း ကော်မတီ၏လှုပ်ရှားဆောင်ရွက်မည့်အစီအစဉ်သစ်များကို အဆိုပြုဆွေးနွေးပြီးအတည်ပြုခဲ့ကြသည်။

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု ဒေသတွင်းယာဉ်မောင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ယင်းအတွက် ဒေသတွင်းခရီးသွားများအနေဖြင့် လားရှိုး-မိုင်းရယ်-ကျေးသီး-လဲချား-ပင်လုံ-တောင်ကြီး-ရွာငံ-မန္တလေးလမ်းပိုင်းမှ ပတ်၍သွားလာနေကြရကြောင်း ဆိုသည်။ ထို့အပြင် အခြားလမ်းပိုင်းတစ်ခုဖြစ်သည့် နမ့်လန်-မိုင်းကိုင်-လဲချား-ပင်လုံ-တောင်ကြိး-မန္တလေးလမ်းပိုင်းများမှလည်း သွားလာနေကြရပြီး၊ ယခုလမ်းပိုင်းမှာလည်း မိုးရွာသွန်းမှုကြောင့် လမ်းများပျ-က်စီးနေသဖြင့် ထွန်စက်များဖြင့် ဆွဲနေရကြောင်း သိရသည်။ " တောင်ကြီးဘက်နဲ့ မိုးကုတ်ဘက် နှစ်လမ်းရှိတာပေါ့။ လမ်းအခြေအနေအရကတော့ ညအိပ်ရင်လည်း အိပ်ရနိုင်တယ်။ လမ်းကောင်းတယ် တိုက်ပွဲမရှိရင်တော့ နေ့ချင်းပေါက်နိုင်ပါတယ်"ဟု ရှင်းပြသည်။ ယနေ့...

အသက် (၁၉)နှစ်အရွယ် Grade 12 ကျောင်းသူတစ်ဦး ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေးဟု ဖခင်ဖြစ်သူ ဦးညီညီထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ၎င်းအနေဖြင့် လက်ရှိတွင် သက်ဆိုင်ရာနယ်မြေ ရဲစခန်းဖြစ်သည့် ဒဂုံမြိုးသစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းတွင် လူပျေ-ာက်တိုင်ချက်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ "ကျွန်တော် (၈) ရက်နေ့မှာ ရဲစခန်းကို သွားပြီး အမှုဖွင့်ထားတယ်။ အခုလည်းလိုက်ရှာနေတုန်းပါ။ လက်လှမ်းမှီရာ တွေလည်းဖုန်းဆက်မေးထားတာ မတွေ့ဘူး၊ မလာဘူးဘဲပြောနေကြတယ်"ဟု ၎င်းက ဆိုသည်။ ဖခင်၏ ပြောဆိုချက်အရ ကနဦးတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071