ကရိုကပ်စ် မြို့တော်ခန်းမ တို-က်ခို-က်မှုနောက်ကွယ်တွင် အမေရိကန်၊ ဗြိတိန်၊ ယူကရိန်းတို့ရှိနေဟုဆို

0
251

အမေရိကန်၊ ဗြိတိန်နှင့် ယူကရိန်းတို့သည် ကရိုကပ်စ်မြို့တော်ခန်းမ၌ အကြ-မ်းဖက်တို-က်ခို-က်မှု၏ နောက်ကွယ်တွင် ရှိနေကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု(FSB) အကြီးအကဲ Alexander Bortnikov က မီဒီယာများကို ပြောကြားခဲ့သည်။

“ဒါဟာ အမှန်ပဲလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ ရရှိထားတဲ့ စစ်ချက်တွေ၊ ထောက်လှမ်းရေးသတင်းတွေရဲ့ အဖြစ်မှန် အချက်အလက်တွေကို အခြေခံပြီး အခု ပြောနေတာပါ။ ဒါက ယေဘုယျ အချက်အလက်တွေ ဖြစ်ပေမယ့် သူတို့မှာ ဒီလိုမျိုးလုပ်ခဲ့တဲ့ လုပ်ရပ် မှတ်တမ်းတွေလဲ အများကြီး ရှိပါတယ်” ဟု သူက ပြောကြားခဲ့သည်။ အကြ-မ်းဖက်တို-က်ခို-က်မှုနောက်ကွယ်တွင် အမေရိကန်၊ ဗြိတိန်နှင့် ယူကရိန်းတို့ ရှိနေသည်သလောဟူ၍ သတင်းဌာနများက မေးမြန်းမှုကို ရုရှားဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု(FSB) အကြီးအကဲက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

ယူကရိန်းသည် သူ့တွင် စွမ်းဆောင်ရည်ရှိနေသေးကြောင်း သက်သေပြရန် ကြိုးစားနေသည်ဟုလည်း Bortnikov က ယုံကြည်သည်။

“သူ့ရဲ့ စွမ်းဆောင်ရည်ကို သက်သေပြဖို့ ဘာတွေ မျှော်လင့်ထားလဲ။ အဖျက်အမှောင့်နဲ့ အကြ-မ်းဖက် လုပ်ရပ်တွေ လုပ်ဆောင်ဖို့ မျှော်လင့်တယ်။ ယူကရိန်း လျှို့ဝှက်ထောက်လှမ်းရေး အကြီးအကဲတွေနဲ့ ဗြိတိန် လျှို့ဝှက်ထောက်လှမ်းရေး နှစ်ခုစလုံးက ဒါတွေကို ရည်မှန်းထားတာပါ။ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးတွေက လုပ်ခဲ့တာတွေလဲ အများကြီးရှိခဲ့ပါတယ်။ ဒါကိုလည်း အထောက်အထားတွေအဖြစ် ဖော်ပြထားပါတယ်”ဟု Bortnikov က ပြောသည်။

“ဒရုန်းတို-က်ခို-က်မှုတွေ၊ ပင်လယ်ပြင်မှာ အမှတ်အသားမပါတဲ့ လှေတွေနဲ့ တို-က်ခို-က်မှုတွေ၊ အဖျက်သမားတွေနဲ့ အကြ-မ်းဖက်အဖွဲ့တွေကို နယ်မြေထဲကို ကျူးကျော်ဝင်ရောက်အောင် လုပ်ပေးခဲ့တာတွေလဲ ရှိခဲ့ပါတယ်” ဟု Bortnikov က သုံးသပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here