အ‌ေ-သခံဗုံးခွဲမှုကြောင့် တရုတ်အင်ဂျင်နီယာငါးဦး‌ေ-သ

0
157

အစ္စလာမာဘတ်၊မတ် ၂၆

ပါကစ္စတန်နိုင်ငံမြောက်ပိုင်း၌ အ‌ေ-သခံဗုံးခွဲတို-က်ခို-က်မှုကြောင့် တရုတ်နိုင်ငံသားအင်ဂျင်နီယာငါးဦး‌ေ-သဆုံးခဲ့ကြောင်း သိရှိရပြီး အလားတူ ဖြစ်စဉ်မျိုးသည် ၂၀၂၁ ခုနှစ် ဇူလိုင်လကလည်းဖြစ်ခဲ့ဖူးကြောင်းသိရသည်။

Dasu ရေအားလျှပ်စစ်စီမံကိန်း၌ အလုပ်လုပ်ရန် တရုတ်အင်ဂျင်နီယာများအား တင်ဆောင်လာသော အဆိုပါဘတ်စ်ကားသည် ပါကစ္စတန်နှင့်တရုတ်နယ်စပ်ကိုဆက်သွယ်ထားသည့် ကာရာကိုရမ် အဝေးပြေးလမ်းမကြီးပေါ်ရှိ ဘက်ရှမ်မြို့အနီး၌တို-က်ခို-က်ခံခဲ့ရခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် တရုတ်အင်ဂျင်နီယာငါးဦးသာမက ပါကစ္စတန်နိုင်ငံသား ယာဉ်မောင်းလည်း‌ေ-သဆုံးခဲ့ကာ ပေါက်ကွဲမှုပြင်းအားကြောင့် ယာဉ်မောင်း၏ရုပ်အလေ-ာင်းကို အင်းဒက်စ်မြစ်ကမ်းနှဖူးမှ ပြန်လည်သယ်ယူခဲ့ရကြောင်းကယ်ဆယ်ရေးအဖွဲ့များကပြောကြားခဲ့သည်။

တရုတ်အင်ဂျင်နီယာငါးဦးနှင့်ပါကစ္စတန်ယာဉ်မောင်းတစ်ဦးတို့‌ေ-သဆုံးခဲ့သည့်အဆိုပါတို-က်ခို-က်မှုဖြစ်စဉ်တွင် ဘက်စ်ကားမီးလောင်ပျက်စီးခဲ့သည်။ မီးငြှိမ်းပြီးမှသာ ‌ေ-သဆုံးသူများ၏ရုပ်အလော-င်းများကို ပြန်လည်ရယူနိုင်ခဲ့ကြောင်းသိရပြီး ယာဉ်တန်းဖြင့်တန်းစီလာနေခြင်းဖြစ်ကာ တရုတ်နိုင်ငံသားများကို စောင့်ရှောက်ရန်လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ကားများလည်းပါရှိကြောင်းသိရသည်။

ယခုတို-က်ခို-က်မှုသည် မည့်သူ့ လက်ချက် ဖြစ်သည်ကို ထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရသည်။ ရက်သတ္တ တစ်ပတ် အတွင်း တရုတ်အကျိုးစီးပွားကို ပါကစ္စတန်ဘက်မှတို-က်ခို-က်သည့် သုံးခုမြောက်တို-က်ခို-က်မှုလည်းဖြစ်ကာ ပြီးခဲ့သည့်ရက်များအတွင်းကလည်း ဘယ်လိုချိစတန် ပြည်နယ်ရှိ လေတပ်စခန်းတစ်ခုနှင့်ဆိပ်ကမ်းတစ်ခုတို့ကိုလည်း တို-က်ခို-က်ခဲ့သေးသည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက ယခုတို-က်ခို-က်မှုကို ပြစ်တင်ရှုံံ့ချခဲ့ပြီး ၎င်းတို့အနေ ဖြင့် အကြ-မ်းဖက်ချေမှုန်းရေးကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လကလည်း ယင်းသို့ပင်အ‌ေ-သခံဗုံးခွဲခဲ့သဖြင့် တရုတ်နိုင်ငံသားကိုးဦး‌ေ-သဆုံးခဲ့သေးသည်။

Source : South China Morning Post


LEAVE A REPLY

Please enter your comment!
Please enter your name here