ပျားရည်မက်ထရစ်တန် ၄၁၀၀ ကျော် ထုတ်လုပ်ပြီး ပြည်ပသို့ မက်ထရစ်တန်ချိန် ၂၀၀၀ ခန့် တင်ပို့နိုင်ခဲ့

0
151

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံပိုင်နှင့် ပုဂ္ဂလိကမွေးမြူသူ ၈၁၈ ဦးမှ ပျားအုံ ၂၀၉၀၂၁ အုံ မွေးမြူလုပ်ကိုင်လျက်ရှိပြီး လက်ရှိကာလအထိ ပျားရည်မက်ထရစ်တန် ၄၁၀၀ ကျော် ထုတ်လုပ်က ဂျပန်၊ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျာမနီနိုင်ငံများသို့ မက်ထရစ်တန်ချိန် ၂၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံပျားလုပ်ငန်းအသင်းနှင့် ပျားမွေးမြူရေးနှင့် ပျားရည်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆီထွက်သီးနှံအပါအဝင် ပင်ခြားဝတ်မှုန်ကူးသည့် သီးနှံများ ဝတ်မှုန်ကူးယှက်မှုကောင်းစေရန် ပျားမွေးမြူရေးကို တွဲဖက်လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေနှစ်မျိုးရနိုင်သည့်အပြင် သီးနှံအထွက်နှုန်းကောင်းမွန်ရေးအတွက် အထောက်အပံ့ဖြစ်စေသဖြ င့် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်လုပ်ကိုင်လာစေရေး ပညာပေးဆောင်ရွက်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားခဲ့သည်။

ထို့အပြင် ပြည်တွင်း၌ ဆေးဝါးနှင့် အာဟာရဓာတ်စာအဖြစ် တန်ဖိုးထား အသုံးပြုသည့်နည်းတူ ပြည်ပဈေးကွက် ဝယ်လိုအားရှိနေသည့် ပျားရည်ထုတ်လုပ်မှု တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ဌာနနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းများနှင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့်ပတ်သက်၍လည်း ဝန်ကြီးက ဆွေးနွေးပြောကြားခဲ့သည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀) ခုတို့ရှိ မြို့နယ် (၃၁) ခု၌ ပျားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးပညာပေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပျားရည်တင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ သုံးသန်းခန့်ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here