ပြင်းထန် တောမီးကြောင့် ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့ကြီးများတွင် ချင်းမိုင် အဆင့် ၈ ချိတ် ​နေချိန် ရန်ကုန်က အဆင့် ၅

0
161

ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်မှာ ပြင်းထန်တဲ့ တောမီးလောင်ကျွမ်းမှုဖြစ်နေကာ မီးလောင်ပြင်နေရာ ၁၅၀ လောက်ဖြစ်ပေါ်နေတာကြောင့် အမေရိကန်လေထုအရည်အသွေးညွှန်းကိန်း USAQI အမှတ် ၁၅၃ နဲ့ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့ကြီးတွေမှာ အဆင့် ၈ နေရာကို ရောက်ရှိနေတယ်လို့ လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဋ္ဌာနက ထုတ်ပြန်ပါတယ်။

စနေနေ့ရဲ့ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့ကြီးတွေမှာ ကာလ်က္တား( ၂၁၅)၊ ဘင်္ဂလား​ဒေ့ရှိ ဒါကာ(၁၉၆)၊ ပါကစ္စတန်မှ လာဟိုး(၁၈၄)၊ နီ​ပေါ၏ ခတ္တမန္ဒူ (၁၈၀)၊ ရန်ကုန်(၁၇၄)၊ ဘစ်ရှ်ကက်(ကာဂျစ္စတန်)(၁၅၇)၊ ကရာကော(ပိုလန်) ၁၅၄ နဲ့ ချင်းမိုင် (၁၅၃)တို့ အဆင့်အလိုက် အသီးသီးရပ်တည်နေတယ်လို့ USAQI ရဲ့ အဆိုအရ သိရပါတယ်။

ပြည်နယ်ရဲ့ မယ့်ချန်ခရိုင်မှာ မီးလောင်ပြင်နေရာ ၄၈ ခုနဲ့ အဆိုးဝါးဆုံးတောမီးလောင်ကျွမ်းမှုဖြစ်နေတယ်လို့ ဆိုပါတယ်။ ယင်းဒေသရဲ့ တောင်တန်းဧရိယာတလျှောက် ညလုံးပေါက်နဲ့ နေ့ဘက်အထိ အထိန်းအကွပ်မရှိ တောမီးလောင်ကျွမ်းမှုဖြစ်နေတယ်လို့ သိရပါတယ်။

ယင်းဒေသမှာ တောမီးလောင်ကျွမ်းမှု ကြီးကျယ်ရတာဟာ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှုအလွဲကြောင့်ဖြစ်ရတယ်လို့ ကျေးရွာသားတွေက အပြစ်ဖို့ခဲ့ပါတယ်။ တာဝန်ရှိသူတွေဟာ တောမီးကြိုတင်ကာကွယ်ခြင်းအဖြစ် မီးတားအဆောက်အအုံမရှိဘဲ လောင်စာဆီတွေကို မီးရှို့ဟန့်တားမှုလုပ်ခဲ့ရာမှ လျင်မြန်စွာ မီးကူးစက်လောင်ကျွမ်းမှုဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

တောမီးကို ထိန်းချုပ်နိုင်ဖို့အတွက် မီးသတ်သမားတွေ ထပ်မံစေလွှတ် ငြိမ်းသတ်နေကြောင်း သိရပါတယ်။

Ref: Thai PBS News


LEAVE A REPLY

Please enter your comment!
Please enter your name here