လူတူစက်ရုပ်ကို ကားစက်ရုံမှာ စမ်းသပ်အသုံးပြု

0
159

လူတူစက်ရုပ်အမျိုးမျိုးကို နိုင်ငံပေါင်းများစွာက ဖန်တီးပြုလုပ်နေကြတယ်ဆိုပေမယ့် လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချနိုင်ဖို့ကိုတော့ စမ်းသပ်နေကြဆဲဖြစ်ပါတယ်။

ခုလဲ တရုတ်နိုင်ငံ ရှန်းကျန့်အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ UBTECH ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Walker S ဆိုတဲ့ လူတူစက်ရုပ်တစ်ခုကို စွမ်းအင်သစ်ကားကုမ္ပဏီတစ်ခုမှာ အလုပ်သင်ဝန်ထမ်းတစ်ဦးအဖြစ်နဲ့ စမ်းသပ်အသုံးပြုနေပါပြီ။ လက်ရှိမှာတော့ အဲဒီစက်ရုပ်ကို အရည်အသွေး စစ်ဆေးမှုနဲ့ တပ်ဆင်မှုပိုင်း လုပ်ငန်းတွေကို ဆောင်ရွက်ခိုင်းထားတယ်လို့သိရပါတယ်။ စက်ရုပ်ရဲ့ စစ်ဆေးတွေ့ရှိမှုတွေကို စက်ရုံထိန်းချုပ်ရေးစခန်းကလဲ အချိန့်တပြေးညီ မြင်တွေ့နေရမှာဖြစ်ပါတယ်။

နောက်ပိုင်း မှာတော့ အဲဒီစက်ရုပ်ဟာ အလုပ်သင်ဘဝကနေ ကျွမ်းကျင်သူအဖြစ်ကို လျှင်မြန်စွာရောက်ရှိလာမယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here