စင်္ကာပူ၌ကျင်းပမည့်ဖျော်ဖြေပွဲအတွက် တေလာဆွဇ်ကြိုတင်ရောက်ရှိနေပြီဖြစ်

0
127

ကမ္ဘာကျော် အမေရိကန်အဆိုတော် တေလာဆွစ်ဖ်သည် ၎င်း၏ စင်္ကာပူ၌ကျင်းပမည့် ဖျော်ဖြေပွဲအတွက် ပွဲမကျင်းပမီ ဖေဖော်ဝါရီလ၂၇ ရက်ထဲက စင်္ကာပူသို့ရောက်ရှိလာခဲ့သည်။

၎င်းသည် ဩစတေးလျနိုင်ငံ၊ဆစ်ဒနီမြို့မှ စင်္ကာပူနိုင်ငံ Seletar လေဆိပ်သို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် လေယာဉ်ဆင်းသက်ခဲ့ခြင်းဖြစ်သည်။

ဆွဇ်ရောက်ရှိလာမည်ကို လာကြိုနေကြသည့် ပရိသတ်များရှိနေသည့်အတွက် လုံခြုံရေးတင်းကြပ်စွာချထားရပြီး လေယာဉ်မှကားဆီသို့သွားရာလမ်းတစ်လျှောက်တွင် ထီးများဖြင့်ကာပြီးထွက်ရသည်ဟုလည်းသိရသည်။

မတ်လ ၂ ရက်မှ ၄ ရက်နေ့အထိ နှင့် မတ်လ ၇ ရက်မှ ၉ ရက်နေ့အထိ အမျိုးသားအားကစားကွင်း၌ ဖျော်ဖြေမည့် ကမ္ဘာကျော်ပေါ့ပ်အဆိုတော်ဆွဇ်အား အနည်းငယ်တွေ့ခွင့်ရနိုင်ရေးအတွက် လူပေါင်း ၆၀ ခန့် လေဆိပ်တွင်စုဝေးစောင့်ဆိုင်းခဲ့ကြသည်ဟုလည်းသိရသည်။

စင်္ကာပူသည် ဆွဇ်၏ Eras Tour အမည်ဖြင့် ကမ္ဘာလှည့်ဖျော်ဖြေ‌ရေးခရီးစဉ်တွင် ထည့်သွင်းဖျော်ဖြေသည့် အရှေ့တောင်အာရှရှိ တစ်ခုတည်းသောနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

သြစတေးလျပွဲတွင်လည်းကြိတ်ကြိတ်တိုးစည်ကားခဲ့ကာ လက်မှတ်များပင် ဝယ်၍မရကြပေ။ လက်မှတ်မရသော်လည်း ပွဲအပြင်တွင်စောင့်စားကြသူများလှသည်။ ပွဲကွင်းထဲတွင်လည်း တေလာဆွစ်ဖ်၏သီချင်းများကိုလိုက်မဆိုနိုင်ပါက ပရိသတ်အစစ်မဟုတ်ဟု သတ်မှတ်ကြသည်။ ပွဲစီစဉ်ထားမှုများကခမ်းနားလေ့ရှိပြီး သူမဖျော်ဖြေစဉ်ဝတ်သည့်ဂါဝန်အရောင်ပြောင်းသည်နှင့်ပရိသတ်များ၏လက်ပတ်ရှိအလင်းရောင်ပါလိုက်ပြောင်းခြင်းမျိုး ချိတ်ဆက်လုပ်ဆောင်ထားတတ်သည်။ ရွှေပွဲလာ တဝက်လောက်က သူမဝတ်လေ့ရှိသည့် အလက်လက် စတိုင်မျိုးဆင်ယင်ပြင်ဆင်လာလေ့ရှိကြသည်။ဤမျှလောက် လွှမ်းမိုးမှုအရှိန်အဝါကြီးလှသဖြင့် US ရွေးကောက်ပွဲသည်ပင် တေလာဆွစ် ဖန်ကိုမတို့ထိမိအောင်သတိထားကြရသည်။

Ref : တူဒေး


LEAVE A REPLY

Please enter your comment!
Please enter your name here