နျူကလီးယားအရိပ်မည်းကြီးက လူသားမျိုးနွယ်ကို ပြန်လည်ခြောက်လှန့်လာပြီဟု ဂူတာရက်စ်ပြောကြား

0
98

ပြီးခဲ့သော ရာစုနှစ်များအတွင်း လူသားမျိုးနွယ်အပေါ် လွှမ်းမိုးခြောက်လှန့်ခဲ့သည့် နျူကလီးယား စစ်ပွဲ အရိပ်မည်းကြီးသည် တစ်ကျော့ပြန်ဖြစ်လာကာ လူသားမျိုးနွယ်ကို ပြန်လည်ခြောက်လှန့်လာနေပြီဖြစ် ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားခဲ့သည်။

“ပထဝီနိုင်ငံရေးအရ ကွဲလွဲမှုများ၊ မဆုတ်မနစ်သော လက်နက်ပြိုင်ဆိုင်မှုတို့က အားလုံးကို အကျဉ်းအကြပ်တွင်းသို့ တွန်းပို့နေသည်” ဟု လက်နက်ဖျက်သိမ်းရေးညီလာခံတွင် သူကပြောကြားခဲ့သည်။ “လူသားတို့သည် ဉာဏ်ရည်တုနှင့် အလိုအလျောက်သိနားလည်သောလက်နက်စနစ်များအပါအဝင် ကြောက်မက်ဖွယ်ကောင်းသည့် ဆန်းသစ်တီထွင်ထားသော နည်းပညာအသစ်များကို စစ်ပွဲများအတွက် အသုံးချလျက်ရှိသည်။”

“ပြီးခဲ့တဲ့ ရာစုနှစ်တွေမှာ လူသားတွေအပေါ် လွှမ်းမိုးခဲ့တဲ့ နျူကလီးယား အရိပ်မည်းကြီး ပြန်ပေါ်လာပါပြီ” ဟု သူက ဆက်လက်ပြောကြားသည်။

“လူအချို့က နျူကလီးယားငရဲကို လွှတ်ချဖို့ အပြည့်အ၀ ပြင်ဆင်နေကြပါတယ်၊ ဒါဟာ ကမ္ဘာသူ ကမ္ဘာသားအားလုံးက ပြတ်ပြတ်သားသား အင်အားသုံး ရှုံ့ချရမယ့် ပြင်းထန်တဲ့ ခြိမ်း-ခြောက်မှုဖြစ်တယ်”ဟုလည်း ကုလသမဂ္ဂ အကြီးအကဲက ဆက်လက်ပြောကြားခဲ့သည်။

နူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အပါအဝင် နျူလက်နက် ဖျက်သိမ်းရေး ကတိကဝတ် အားလုံးကို အကောင်အထည်ဖော်ရန် နှင့် ဘက်စုံ နျူကလီးယား စမ်းသပ်မှု တားမြစ်ရေး စာချုပ်ကို အသက်ဝင်စေရန် ဂူတာရက်စ်က ထပ်လောင်း တောင်းဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here