ထိုင်ဝမ်ရေလက်ကြား၌ တရုတ်မီးပုံးပျံများကိုပိုတွေ့လာ

0
114
People walk past a Taiwanese flag in New Taipei City on January 13, 2024. - Millions of Taiwanese voted on January 13 for a new president in the face of threats from China that choosing the wrong leader could set the stage for war on the self-ruled island. (Photo by Sam Yeh / AFP)

တိုင်ပေ၊ဖေဖော်ဝါရီ ၁၁

ထိုင်ဝမ်ရေလက်ကြား၌ တရုတ်မီးပုံးပျံများအား ၂၄ နာရီအတွင်း ရှစ်လုံးအထိတွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ အဆိုပါမီးပုံးပျံရှစ်လုံးအနက် ငါးလုံးသည် ထိုင်ဝမ်အားဖြတ်ကျော်သွားသည်ဟုလည်းဆိုခဲ့သည်။

တရုတ်က ၎င်း၏ပိုင်နက်အဖြစ်အခိုင်အမာဆိုထားသည့် ထိုင်ဝမ်သည် ပြီးခဲ့သည့်ဒီဇင်ဘာလကတည်းက တရုတ်မီးပုံးပျံများ တွေ့ရှိခဲ့ရသည့်အပေါ် ပြောကြားမှုများရှိခဲ့ပြီး အဆိုပါမီးပုံးများသည် လေကြောင်းအန္တရာယ်ကင်းရှင်းရေးနှင့် ထိုင်ဝမ်အတွက်မိမိကိုယ်ကို မိမိ ယုံကြည်မှုကျဆင်းစေရန်ရည်ရွယ်လုပ်ဆောင်နေခြင်းမျိုးဖြစ်သည်ဟုလည်းဆိုခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ တရုတ်က တုန့်ပြန်ပြောကြားခဲ့ခြင်းမရှိဘဲ လက်ရှိအချိန်၌ တရုတ်နှင့်ထိုင်ဝမ်တို့သည် တရုတ်ရိုးရာနှစ်သစ်ကူးပွဲအား ကျင်းပနေကြချိန်လည်းဖြစ်သည်။

သို့သော် ပြီးခဲ့သည့်လကမူ တရုတ်အစိုးရသည် ၎င်းတို့၏မီးပုံးပျံများမှာ အခြားနိုင်ငံရေးရည်ရွယ်ချက်တစ်စုံတစ်ရာမရှိဘဲ မိုးလေဝသအတွက်သာရည်ရွယ်ခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်စ်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here